Wednesday, 15 August 2012

**အိမ်ရောင်းလိုက်သည့် ရုပ်ရှင်မင်းသမီးကိတ်ဝင်းစလက်**

 (လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၃) ရုပ်ရျှင်မင်းသမီး ကိတ်ဝင်းစလက်သည် အမေရိကန်နိုင်ငံ ကော်နစ်ကမ်းခြေတွင်ရှိသော သူမ၏နေအိမ်အား ပေါင်ငွေ ၇၀၀၀၀၀ ဖြင့်ရောင်းချလိုက်ပြီဖြစ်ကြောင်း သြဂုတ် ၁၃ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါအိမ်ကို ကိတ်ဝင်းစလက်၏ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ ဆမ်မင်းဒက်စ်နှင့်အတူနေထိုင်ရန် ၂၀၀၁ ခုနှစ်က ပေါင် ၃၈၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၀ယ်ယူရာတွင် ကိတ်ဝင်းစလက်နှင့် ဆမ်မင်းဒက်စ်တို့ နှစ်ဦးပိုင်ငွေ ကြေးဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်ကြီးတွင် အနုပညာလုပ်ငန်းများအားလပ်ချိန်တွင် ဆမ်မင်းဒက်စ်၊ ကိတ်ဝင်းစလက်နှင့် သမီးဖြစ်သူတို့ အပန်းဖြေနေထိုင်ခဲ့ကြသော်လည်း ယခုအခါ ဆမ်မင်းဒက်စ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် ယင်းအိမ်သို့ တစ်ခါတလေမှသာ သွားရောက်ဖြစ်သည်။ ထို့အပြင် မကြာမီနှစ်က ၄င်းအိမ်၌ မီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့သည့် အတွက်ကြောင့်အိမ်ကိုရောင်းချရန် ကိတ်ဝင်းစလက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်သည် လောလောဆယ်တွင် လက်ထပ်ခြင်းမရှိသေးဘဲ တစ်ဦးတည်း အနုပညာလုပ်ငန်းများ လုပ်ကိုင်လက်ရှိသည်။ (အင်တာနက်)

No comments:

Post a Comment