Monday, 13 August 2012

၉ ရက်၊ ၉ လမွေးနေ့ရက်မှာ နေတိုးဘယ်မှာရှိနေမလဲ

နေတိုးက စက်တင်ဘာ ၉ ရက်ဖြစ်တဲ့ မွေးနေ့ရက်မှာတော့ ဒါရိုက်တာ ဝင်းထွန်းထွန်း နဲ့ ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့ အတွက် ပြင်ဦးလွင်မှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်။   မွေးနေ့ကို မနှစ်ကလည်း ရိုက်ကွင်းမှာပဲ ရှုတင်အဖွဲ့သားတွေနဲ့ အတူ မွေးနေ့ကိတ်လှီးပြီး ဖြတ်သန်းခဲ့သလို ဒီနှစ်မွေးနေ့ကိုလည်း ရှုတင်မှာပဲဖြစ်သန်းဖြစ်မယ် ဆိုတဲ့   နေတိုးက ”မွေးနေ့ကျရင် ပြင်ဦးလွင်ကိုရောက်နေမှာ။ ပြင်ဦးလွင်မှာ ဘုရားတော့ သွားဖြစ်မယ်။ ရှုတင်မှာတော့ မွေးနေ့ပွဲရယ်လို့တော့ မဟုတ်ဘူး။ ရှုတင်အဖွဲ့သားတွေကို မုန့်ကျွေးဖြစ်မယ်။ သိပ်တော့ ထူးထူးခြားခြားမရှိပါဘူး။ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်လုပ်လေ့မရှိဘူးလေ။ အဲဒါကြောင့် အလှူအတန်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ သီးသန့် ကြီးအချိန်ပေးပြီးတော့ လုပ်လေ့တော့မရှိဘူး။ မွေးနေ့ရောက်တိုင်း အသက်တစ်နှစ်ကြီးသလို ခံစားရတယ်။ မွေးနေ့ကို ဒီအတိုင်းပဲဖြစ်သန်းဖြစ်တာပါ” လို့ မွေးနေ့နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
မေမွန်မောင်

No comments:

Post a Comment