Saturday, 11 August 2012

**နယူးယောက်မြို့ရှိ ဝေါထရိတ်စင်တာ ၈၂ ထပ်၌ မီးလောင်မှုဖြစ်ပွား**



အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဝေါထရိတ်စင်တာမိုးပျံအဆောက်အအုံသစ်၌ သြဂုတ် ၈ ရက်က မီးလောင်မှုဖြစ်ပွားရာမီးသတ်တပ်ဖွဲ့ဝင်အများအပြားရောက်ရှိကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သြဂုတ် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်သမားများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့သော ဝေါထရိတ်စင်တာနေရာတွင် အသစ်အစားထိုးတည်ဆောက်ထားသော အမြွားမိုးပျံတာဝါ၏ တာဝါတစ်ခုတွင် အထပ်ပေါင်း ၈၂ ထပ်၌ မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုမှာ ယင်းအထပ်၌ ဆောင်လုပ်ရေးအလုပ်သမားတစ်ဦးက စတီးလ်ဂဟေဆက်ရာတွင် အသုံးပြုရသည့် မီးမှတစ်ဆင့် မတော်တဆမီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးလောင်မှုကို မျက်မြင်တွေ့ရှိသည့် ပြည်သူတစ်ဦးက မီးသတ်တပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

No comments:

Post a Comment