Friday, 17 August 2012

ကိုယ်တိုင်ထုတ်လုပ်သူလုပ်ပြီး တခြား မင်းသမီးတစ်ယောက်ကို ရိုက်ဖို့ရှိတယ် နဝရတ်

“အစ်မကSharp ဖြစ်တဲ့ ကာရိုက်တာမျိုးတွေ များနေတယ်။ ဆိုတာက အစ်မကို ဆိုရင် နည်း နည်း ရွေးခိုင်းတာ ပေါ့။ အစ်မက ဇာတ်ရုပ်က အမာ တွေများနေတယ်။ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ကားကြီးက အားလုံး ပြီးသွားပြီ။ လေးလပိုင်းလောက် တော့ ရုံတင်ဖြစ်မယ်ထင်ပါတယ်။ အစ်မတို့ဒီလကုန်ရင် နယ်မှာသွား တင်ဖြစ်မယ်။ မွေခံထိုက်သူဖြစ်ပါစေ ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုလည်း ပရို ဂျူဆာလုပ်ထားပါတယ်။
ကိုကျော် ရဲအောင်၊ အားသစ်၊ မင်းရာဇာ၊ ဗေ လုဝတို့ ဂွမ်းပုံတို့ ဦးအောင်လွင်တို့ လူတွေအများကြီးပါတယ်။ အစ်မ ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး တခြား မင်းသမီးတစ်ယောက်ကို ထုတ်ရိုက် ဖို့ အစီအစဉ်ရှိတယ်။ ကိုယ်နဲ့ လိုက် တဲ့ ဇာတ်ကို ကိုယ်ရိုက်သလို လိုက် တဲ့သူကိုလည်း ထုတ်ပေးမှာပါ။ အစ် မက စီစဉ်သူ လုပ်တာကိုပို ဝါသနာပါတယ်။ အဲဒီလိုမျိုးတွေဆက်လုပ်သွား ဖို့ရှိပါတယ်။
အစ်မ ကားကြီးက တော့ အစ်မထင်တာ ဗီဒီယိုဈေး ကွက်နဲ့မတူဘူးလေ။ အစ်မ quality ကောင်းကောင်း စိတ်ထဲမှာ သေချာခံစားပြီး တော့ ရိုက်ထားတယ်။ အစ်မတို့ မြန်မာအနေနဲ့ အံဝင်ခွင်ကျဖြစ်မယ်
လို့ထင်ပါတယ်။ အစ်မယုံကြည် တယ်။ ဈေးကွက်တွေဘာတွေ အစ် မနားမလည်ဘူး။ အစ်မကတော့ ရုံတင်မှာ”လို့ ပရိသတ်အတွက် ပေးဆပ်ထားတာတွေကို ပွင့်ပွင့် လင်းလင်းဖြေကြားခဲ့ပါတယ်။ MHK
MHK

No comments:

Post a Comment