Tuesday, 14 August 2012

ဒီရက်ပိုင်း ကျန်းမာရေးကြောင့် အိမ်မှာအနားယူနေတဲ့ ခရစ္စတီးနား

အနုပညာ အလုပ်တွေ လုပ်ရင်း ခရီးတွေ ဆက်နေတဲ့ ခရစ္စတီးနား တစ်ယောက် အခုချိန်မှာ ကျန်းမာရေး ကြောင့် အနားယူနေတယ်လို့ သိရပါ တယ်။ ခရစ္စရဲ့ လတ်တလောများနဲ့ ပတ်သက်ပြီးမေးမြန်းကြည့်တော့-
“ပြီးခဲ့တဲ့တစ်ပတ်က တာ ချီလိတ်ဘက်က ပြန်ရောက်တယ်။ Car Show Room ဖွင့်ပွဲရယ်၊ ရွှေဆိုင် ဖွင့်ပွဲတစ်ခုရယ်သွားတာ။ သီချင်း လည်းဆိုရင်းနဲ့ (၅)ရက်လောက်တော့ ကြာခဲ့တယ်။ အဲဒီကနေပြန်လာပြီးက တည်းက လုပ်စရာအလုပ်လေးတွေ တော့ရှိတယ်။ ဒါပေမယ့် ခရစ္စ အအေး မိပြီးနေမကောင်းဖြစ်သွားလို့ ဒီရက် ပိုင်းအိမ်မှာပဲနားနေလိုက်တာ။

မိုးတွင်း ဆိုတော့ မိုးမိပြီးခရီးပန်းသွားတာ လည်းပါတယ်။ ခရစ္စက ကားတွေ ရိုက်ရင် တော်တော်နဲ့ထမင်းမစားဖြစ် ဘူး။အလုပ်မပြီးမချင်း စိတ်ကအလုပ် ထဲရောက်နေတော့ ထမင်းစားချင်စိတ် ကိုမရှိတာ။ အစားအချိန်မမှန်တာ ကြောင့်ပါမယ် ထင်ပါတယ်။
အခု တော့ ဆရာဝန်ပြပြီး ဆေးသောက်နေ တယ်။ မနက်ဖြန်ဆို ရိုက်ကူးရေးပြန်စ တော့မှာပါ။ MRTV-4 နဲ့ ရိုက်ဖို့ရှိ တယ်။ VCD လည်းရိုက်ဖို့ရှိတယ်။ ကားရိုက်ကတော့ လောလောဆယ် မရှိသေးဘူး။ နောက်ဆုံးရိုက်ထားတဲ့ ကားက ကိုနိုင်(ကျော်ရဲအောင်)နဲ့ တစ် ကား၊ သူထူးစံနဲ့တစ်ကားရိုက်ဖို့ရှိပါ တယ်”လို့ ဆိုသွာပါတယ်။ 
ဝါဝါကြည်

No comments:

Post a Comment