Friday, 24 August 2012

ဦးပိန်တံတားပေါ် ဆိုင်ကယ်မစီးဖို့ သတိပေးရန်စီစဉ်

 မန္တလေးတိုင်းဒေသကြီး၊ တောင်သမန်အင်းပေါ်ရှိ နာမည်ကျော် ဦးပိန် တံတားကို ထိန်းသိမ်းနိုင်ရေးအတွက် တံတားပေါ် မှ ဆိုင်ကယ်လုံးဝ ဖြတ်သန်း ခွင့်မပြုရန် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းသတိပေး ဆောင်ရွက်သွားမည်ဟု သိရသည်။
တံတားပေါ်ခြေလျင်သာ ဖြတ်သန်း ခွင့်ပြုရန်၊ စက်ဘီးကိုမူ စီးနင်း ခွင့်မပြုဘဲ တွန်း၍သာသွားရန်၊
ဆိုင်ကယ်ကို လုံးဝ ဖြတ်သန်းခွင့် မပြုရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း၊ စေတနာရှင် ပြည်သူများ ၏ အလှူငွေဖြင့်လည်းကောင်း၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ဖြင့် လည်းကောင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
Source : Myanmar Times

No comments:

Post a Comment