Sunday, 12 August 2012

မီးလောင်နေသော ဆိုင်ကယ်ကို စီးပြပြီးဆိုင်ကယ်မှာ ပေါက်ကွဲသွားသော်လည်း မောင်းသူမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိ


မင်းသားနီကိုလပ်ကေ့ဂ်ျ ပါဝင်သော GhostRiderဇာတ်ကားထဲမှ မြင်ကွင်းမျိုးကို ဆွီဒင်နိုင်ငံသား ဆိုင်ကယ်စတန့်သမား ဂရီဂါဂျိုဟန်ဆင်က ပြုလုပ်ပြခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၄ ရက်နေ့တွင် ဖော်ပြသည်။ သူသည်၁၉၅၀ မော်ဒယ် ဆလင်ဒါနှစ်လုံးပါ ဆိုင်ကယ်ကို စတော့ဟုမ်းမြို့၌ စီးပြရာ ဆိုင်ကယ်သည် မီးလောင်ပြီး ပေါက်ကွဲသွားသော်လည်း သူသည် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ အပူချိန်မြင့်မားလာကာ သူ၏ဆိုင်ကယ်တာယာများမှ မီးထတောက်ကာ ဆိုင်ကယ်မီးလောင် ပေါက်ကွဲသွားခြင်းဖြစ်သည်။

@Pyimyanmar

No comments:

Post a Comment