Friday, 24 August 2012

အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရက်များဖြင့် ပိတ်ဆို့ထားမှုကြောင့် အနီးအနားရပ်ကွက်များရေကြီးနေလို့ လူထူက ယခုညနေမှစတင် ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေ

စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်းအနီး၊ မြောင်းကြီးထိပ်
အနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရက်များဖြင့် ပိတ်ဆို့ထားမှုရှိ
နေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်
လျှက်ရှိသောကြောင့်  လူအင်အား ၂၀၀ ခန့်သည် အေးရှားဝေါလ်ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်
ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြကြောင်း သိရသည်။

ရေမြောင်းပိတ်ဆို့နေမှုကြောင့် အနီးအနားရပ်ကွက်များသို့ ရေလျှံရာတွင် သီတာရပ်ကွက်မှာ အဆိုးဆုံးဖြစ်
ပြီး ပေါင်ရင်းခန့်ရေများ မြင့်တက်လာနေ ကြောင်း ယင်းနေရာမှ 7Day News သတင်းထောက်က သတင်း
ပေးပို့သည်။


အေးရှားဝေါလ်ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် အလုပ်သမားများက ရေမြောင်းကိုပိတ်ဆို့ထားသည့် ကွန်က
ရစ်များကို စတင်ဖယ်ရှားနေသော် လည်း ပြီးစီးရန် ကြာမြင့်လိမ့်ဦးမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ယနေ့(သြဂုတ် ၂၄ရက်) ညနေ လေးနာရီခွဲခန့်မှ စတင်စုဝေးနေသော ရပ်ကွက်နေလူထုမှာ အောက်ကြည့်
မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ
.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရသည်။
 
7days News 

No comments:

Post a Comment