Sunday, 12 August 2012

ဦးတေဇရဲ့ ကြိုဆိုဖွယ်ရာ သတင်းတပုဒ်

၂၀၁၁ ခု အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်မှာ
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ဗိုလ်စွဲလို့ အောင်ပွဲခံနေတဲ့ ဦးတေဇ (ဓာတ်ပုံ - Reuters)
မြန်မာနိုင်ငံက နံမည်ကြီး သူဌေးကြီး ဦးတေဇက လယ်မြေဧက ၄ သောင်းခန့်ကို နိုင်ငံတော်ကို ပြန်လည် အပ်နှံလိုက်တဲ့ပါတယ်တဲ့။

ဧရာ ရွှေဝါ ကုမ္ပဏီက ဧရာဝတီတိုင်းအတွင်းမှာ ရေနက်ကြီးလယ်ယာမြေအဖြစ် ပြုပြင်ထားတဲ့ လယ်မြေတွေ ကို တောင်သူ တွေကို ခွဲဝေပေးနိုင် လယ်ယာမြေ သမ၀ါယမအသင်းကတဆင့် အခုလို ကုမ္ပဏီရဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို နိုင်ငံတော်ထံ ဇူလိုင်လ ၂၆ ရက်နေ့က ပြန်လည် အပ်နှံလိုက်တာဖြစ်တယ်လို့ ပြည်တွင်း ဂျာနယ် တခုဖြစ်တဲ့ The Hot News မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ခေတ်ပျက် သူဌေးတွေဟာ မြန်မာ့လယ်ယာမြေ ဧက သိန်းသောင်းချီပြီး လုပ်ပိုင်ခွင့်တွေ ရခဲ့ကြ တာကနေ အခုလို ဦးတေဇ တဦးတည်းကသာ လုပ်ဆောင်ပြခဲ့တာပါ။

ဒါကြောင့်လည်း လူအများက ကြိုဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့ကြပါတယ်။


  by အိမ့်သံစဉ်

No comments:

Post a Comment