Monday, 17 September 2012

မလေးသွား မြန်မာ-ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၅ဦးဖမ်းဆီးခံရ

 
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ ကော့စ် ဘဇားခရိုင်တက် ကနက်မြို့နယ် အတွင်းမှ မလေးရှားသို့တရားမ၀င် ထွက်ခွာရန် ကြိုးစား ခဲ့သူ မြန်မာ-ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား  ၂၅ဦးကို ဘီဂျီဘီအမှတ်(၂၄) တပ်ဖွဲ့မှယမန်နေ့က ဖမ်းဆီးလိုက်သည်။

တက်ကနက်မြို့နယ်ရှိ ဂျာလီယာရွာပွိုင့် ရှာပူရီကျွန်းမှ စက်တင်ဘာ ၁၆ရက်နေ့ မနက်အာရုဏ် ၃နာရီအချိန်
တွင် ငါးဖမ်းဘုတ်တ စီးဖြင့်ထွက်ခွားနေစဉ် ကင်းလှည့်နေသော ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် ဘီဂျီဘီ
အမှတ် (၄၂)တပ်ဖွဲ့ လျှို့ဝှက်သတင်းအရ လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားသူများမှာ ဘင်္ဂလား
ဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးဖြစ် သည်ဟု ဆိုသည်။
 
ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၁၇ဦးကို တက်ကနက် ရဲဌာနသိုလွှဲပြောင်းပေးအပ်ခဲ့ပြီး  မြန်မာနိုင်ငံသားများကို၎င်း
တို့နိုင်ငံသို့ ပြန်လည်ပို့ဆောင် လိုက်ပြီးဖြစ်သည်ဟုဘီဂျီဘီပြောဆိုချက်အရ သိရသည်။

လူကုန်ကူမှုဖြင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ၇ဦးကို တက်ကနက် ရဲဌာန၌ အမှုဖွင့်ထားသည်ဟု သိရသည်။
 
  ရွှေမြန်မာ

No comments:

Post a Comment