Thursday, 27 September 2012

မြန်မာနိုင်ငံက ယမကာ လုလင်များအတွက် ၀မ်းမြောက်စရာ


မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့MrJOgenBRasmussenဦးဆောင်တဲ့အဖွဲ့နဲ့ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့ကဘီယာစက်ရုံတည်ဆောက်ရေးအတွက်ဆွေးနွေးခဲ့ကြတဲ့အကြောင်းယနေ့ထုတ်ကြေးမုံသတင်း
စာထဲမှာတွေ့လိုက်ရတာပါ။တချိန်ကတော့မြန်မာနိုင်ငံမှာဘီယာစက်ရုံတချို့ရှိခဲ့ဖူးပါတယ်။မြန်မာဘီယာတွေထဲမှာမြန်မာဘီယာ၊မန္တလေး
ဘီယာစတဲ့တံဆိပ်တွေနဲ့ဘီယာတွေကတော့ပြည်တွင်းသာမကအရှေ့တောင်အာရှနိုင်ငံတွေထိ ထိုးဖောက်
လာ နိုင်ခဲ့ပါတယ်။ 

စင်္ကာပူနိုင်ငံကှဒ်ါဝင်းဝင်းနုဦးစီးလုပ်ဆောင်ခဲ့တဲ့ပုဂ္ဂလိကပိုင်မန္တလေးဘီယာစက်ရုံကတော့ပိုပြီးနာမည်ကြီး
စားခဲ့ပါတယ်။ 

ဒါပေမယ့် ယခင် စစ်အစိုးရ လက်ထက်က အဆိုပါ ဘီယာစက်ရုံကို နိုင်ငံပိုင် သိမ်းပိုက် ခံလိုက်ခြင်းကြောင့်
ညမန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ အခုထိ တွန့်ဆုတ်သွားခဲ့ရတာပါ။ 

အခုတော့ မြန်မာ့လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကို ရေးဆွဲခဲပြီး သမ္မတ လက်မှတ်ရေး
ထိုးဖို့ အဆင့်ဘဲ ကျန်ပါတော့တယ်။ 

သေချာတာကတော့ ကမ္ဘာကျော် နံမည်ကြီး Carlsberg ဘီယာ စက်ရုံ တည်ဆောက်ပြီးရင် မြန်မာနိုင်ငံမှာ ဘီယာစက်ရုံသစ်တခုတိုးလာပြီးလက်ဘက်ရည်ဆိုင်တွေအစားဘီယာဆိုင်တွေပိုပေါများလာနိုင် မလားဆို
တာနဲ့ မြန်မာယမကာလုလင်များ အတွက်တော့ သတင်းကောင်း တပုဒ် ဖြစ်မှာပါ။ 
 
 
ဧရာဝတီ

No comments:

Post a Comment