Sunday, 23 September 2012

ကျားဝင်းထဲ ရောက်သွားတဲ့လူ ကျားတွေကုတ်ခြစ်လို့ ခြေဖြတ်လိုက်ရ

အမေရိကန်ပြည်ထောင်စု Bronx Zoo တွင် တရိစ္ဆာန်ရုံအတွင်း အပျော်လှည့်ပတ်ကြည့်ရှုရာတွင် စီးနင်းသည့် ရထားတွဲငယ်မှ ကျားခြံဝင်းအတွင်း ရထားပေါ်မှကျ ရောက်သွားခဲ့သော အသက်(၂၅)နှစ်အရွယ် နယူးယောက်ပြည်နယ်သားတစ်ဦးဟာ ကျားတွေ ကုတ်ခြစ်သောဒဏ်ရာကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း သိရသည်။
ဒါ့အပြင် စိုးရိမ်စရာ အခြေအနေဖြင့် ဆေးရုံတင်ထားရသော ထိုအမျိုးသားဟာ ခြေကျင်းဝတ်ကျိုးခြင်း ၊ လက်မောင်းကျိုးခြင်းနှင့် နောက်ကျောတွင်လည်း ဒဏ်ရာများ ရထားခဲ့ကြောင်း သိရသည်။
တရိစ္ဆာန်ရုံရှိ ဝန်ထမ်းများက ဖြစ်လျှင်ဖြစ်ချင်း အချိန်မီ အရေးပေါ်အခြေအနေဖြင့်
ကျားများကို ခြောက်လှန့်လွှတ်နိုင်ခြင်း ၊ ကျားများကို လွှတ်ထားသည့်နေရာမှ ပြန်လည် ထိန်းသိမ်းထားနိုင်ခဲ့ခြင်းတို့ကြောင့် ထိုလူဟာ အတော့်ကို သက်သာရာရခဲ့တာဖြစ်ကြောင်း သိရသည်။
ရထားပေါ်က ထိုလူခုန်ချတာလား ၊ ပြုတ်ကျတာလား ၊ ကျားထိန်းသိမ်းရာဝင်းခြံအတွင်း ထိုအမျိုးသား ဘယ်လိုရောက်ရှိသွားတာလဲ ဆိုတာကိုတော့ တရိစ္ဆာန်ရုံရှိ အရာရှိများနှင့် NYPD က ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment