Thursday, 27 September 2012

ဥက္ကာခဲဖြင့် ထုလုပ်ထားသည့် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်တုတစ်ခုအား သုတေသီများ ရှာဖွေတွေ့ရှိ



၁၉၃၈ ခုနှစ်တွင် နာဇီ လေ့လာရေး အဖွဲ့ တစ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့် သက်တမ်း ရှိ ရုပ်တု တစ်ခုအား သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုအား ဂျာမနီနိုင်ငံ စတုဂတ် တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ရှားပါး ဥက္ကာခဲ တစ်ခုမှ ထွင်းထု ထားခြင်း ဖြစ်သည်။ ၎င်းရုပ်တုသည် အလေးချိန် ၁ဝ ကီလိုဂရမ် ရှိ၍ အမြင့် ၂၄ စင်တီမီတာ ရှိသည်။
အဆိုပါ ရုပ်တုအား ထွင်းထုထားသည့် ဥက္ကာခဲသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝဝဝ ခန့်က မွန်ဂိုလီးယားနှင့် ဆိုက်ဘေးရီးယား ဒေသများ  အကြားသို့ ပြုတ်ကျခဲ့သည့် ဥက္ကာခဲ တစ်ခဲ ဖြစ်သည်ဟု သိရသည်။ အံ့သြဖွယ်ရာ ကောင်းသည်မှာ ၎င်းရုပ်တုသည် အင်ဒီရာ နာဂျုံး၏ ဇာတ်ကား တစ်ကားထဲ၌ ပါဝင်သော ဇာတ်ကွက်နှင့် အလား သဏ္ဌာန် တူညီနေခြင်း ဖြစ်သည်။
 From: မြ၀တီ

No comments:

Post a Comment