Thursday, 25 October 2012

တရုတ်ရဲတပ်ဖွဲ့ လက်နက် ၆၀၀၀ ကျော် ဖမ်းမိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် ဟွိုင်အန်းမြို့တော်ရှိ ရဲတပ်ဖွဲ့ဝင်များသည် လက်နက်များ တရားမ၀င် ထုတ်လုပ်ရောင်းချသူ လူခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက် ၆၀၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ လက်နက်များကို သိမ်းဆည်းရမိပုံမှာ တဟိုင်မိုရှင်းဟူသော အမည်ဝှက် အသုံးပြုထားသူတစ်ဦးသည် လက်နက်များကို အွန်လိုင်းပေါ်၌ တရားမ၀င် ရောင်းချနေသည်ဟု အင်တာနက် အသုံးပြုသူ တစ်ဦးက မတ်လ ၁၉ ရက်တွင် သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်းနင်းပြည်နယ် ရှန်ယန်းမြို့တော်၌ ၄င်းအမျိုးသားတစ်ဦးနှင့် အခြားဆက်နွှယ်သူများကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး လက်နက်များကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။  (ဆင်ဟွာ)

No comments:

Post a Comment