ကျောင်းသားအယောက် ၁၂၀ ရှိသော မူလတန်းကျောင်းတွင် ဆရာ ၂ ဦးသာရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊
အုတ်ပုံကျေးရွာအုပ်စု၊ မိတ္ထီလာကျေးရွာတွင် တည်ရှိသော
အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားဦးရေ (၁၂၀)ခန့် ရှိသော်လည်း
သင်ကြားပေးနေသည့် ဆရာ (၂) ဦးသာရှိသဖြင့် စာသင်ကြားရာတွင်
များစွာအခက်အခဲတွေ့နေပြီး စာတတ်မြောက်မှုနှုန်း နည်းပါးလွန်းနေသည်မှာ
(၁၀)နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောင်းအကျိုးတောင်ဆောင်ကော်မတီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး
တိုင်းပညာရေးမှူး ဦးလှသိန်းနှင့် ဒုတိုင်းစီမံ ဦးသိန်းဇော်ဝင်း တို့အား
တင်ပြခဲ့သော်လည်း အကျိုးမထူးခဲ့ကြောင်း၊ စိုင်နိုင်လေးကျေးရွာရှိ
မူလတန်းကျောင်းအတွက်မူ ဆရာမ(၁)ဦး ရရှိခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင်
ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ မိတ္ထီလာရွာမှ
မူလတန်းအောင်မြင်ပြီးသော ကျောင်းသားများသည် ကျွဲဇင်းကျေးရွာ
အလယ်တန်းကျောင်းသို့ သွားရောက် ပညာသင်ကြားရပြီး ယခုအခါတွင် မူလတန်းတွင်
အခြေခံ မပိုင်နိုင်ခဲ့သည့်အတွက် အလယ်တန်းအဆင့်စာများ သင်ကြားရာတွင် အခက်အခဲ
များစွာ ကြုံတွေ့နေရသည်။
No comments:
Post a Comment