Monday, 12 November 2012

မထုတ်လွှင့်သင့်တဲ့ သတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့မိလို့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် နှုတ်ထွက်


မထုတ်လွှင့်သင့်တဲ့ သတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့မိလို့ သူ့မှာ တာဝန်ရှိပါတယ်ဆိုပြီး နိုဝင်ဘာ ၁၀ က နုတ်ထွက်သွားခဲ့တဲ့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် နေရာမှာ တင်မ် ဒေဗီ (ပုံ) က လက်ရှိ ဘီဘီစီ ညွှန်
ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဘီဘီစီကို ဆက်လက် မောင်းနှင်မယ့် သူ့အစီအစဉ်ကို နိုဝင်ဘာ ၁၂ မှာ တင်မ် ဒေဗီက ပြောပြမယ်လို့ သိရ
ပါတယ်။ ဘီဘီစီရဲ့ ဖွဲ့စည်းပုံကို လုံးဝ အပြောင်းအလဲ လုပ်ဖို့ လိုနေပြီလို့ ဘီဘီစီ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ
 လော့ဒ် ပက်တန်က ပြောပါတယ်။ကြောက်မက်ရွံရှာဖွယ် အရှုပ်တော်ပုံကို ရင်ဆိုင်နေရသည့် ဘီဘီစီကို လူထု၏ယုံကြည်ကိုးစားမှု ပြန်လည်ရရှိရန် အလုံးစုံ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် လိုအပ် ဟု အုပ်ချုပ်ရေးမှူး ခရစ္စပတ်တန်က ဆို

ရာထူးရရှိသည်မှာ ၅၄ ရက်သာရှိသေးစဉ် ဘီဘီစီသတင်းဌာန၏ အရှုပ်တော
်ပုံကြောင့် ဘီဘီစီ ညွှန်ကြားရေးမှူး ချုပ် ဂျော့အန့်ဝှစ်ဆယ် နုတ်ထွက်ခဲ့ရပြီးနောက် ဘီဘီစီ သတင်းဌာန၏ အုပ်ချုပ်ရေးမှူး ခရစ္စပတ်တန်က အကောင်းဆုံး ဂုဏ်သတင်း ကျော်ကြားမှု ကို ရရှိလာပြီး စာနယ်ဇင်းလောက၌ လူအများ၏ ယုံကြည်မှုအခံရဆုံး နာမည်ကောင်းများထဲ ပါဝင်သည့် အသံလွှင့်ဌာန သည် ကြောက်မက်ရွံရှာဖွယ် အရှုပ်ထုပ်ကြီး ဖြစ်နေသောကြောင့် လူထု၏ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိရန် အလုံးစုံ စစ်ဆေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

No comments:

Post a Comment