ဂျိမ်းစ်ဘွန်း မင်းသားအဖြစ်မှ
နုတ်ထွက်လိုသော်လည်း လက်တွေ့တွင် ဖြစ်နိုင်ရန် ခက်ခဲနေကြောင်း ဒန်နီရယ်လ်
ကရိတ်ဂ်ျက ဖွင့်ဟ ပြောဆိုလိုက်သည်။ ဗြိတိသျှ စိတ်ကူးယဉ် ထောက်လှမ်းရေး
ဇာတ်ကောင် ဘွန်းအဖြစ် သရုပ်ဆောင်ပြီး အောင်မြင်မှုများ ရရှိနေသည့်
အသက်(၄၄)နှစ်အရွယ် ရုပ်ရှင်မင်းသားက မိမိသည် ဘွန်းဇာတ်ရုပ်ကို ဆက်လက်
မရိုက်ကူးလိုတော့ဟု ဆိုသည်။

သို့သော်လည်း ပရိုဂျူဆာများကလည်း မိမိအား နုတ်ထွက်ရန် ခွင့်ပြုမည်
မဟုတ်သည်ကို သိနေကြောင်း ဖွင့်ဟခဲ့သည်။ ကရိတ်ဂ်ျသည် ဂျိမ်းစ်ဘွန်း
ဇာတ်ကောင်နှင့် အလိုက်ဖက်ဆုံး မင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး
ဇာတ်ကား (၃)ကားအတွက် သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဗြိတိသျှ
ရုပ်ရှင်မင်းသား
နောက်ဆုံး ပါဝင်ထားသော ဂျိမ်းစ်ဘွန်းဇာတ်လမ်း Skyfallမှာ ရုံတင်သည်နှင့်
တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး စာရင်းတွင် ထိပ်ဆုံးသို့ တန်းရောက်သွားသည်။
ကရိတ်ဂ်ျက "ကျွန်တော် ဒီဇာတ်ကားတွေကနေ ထွက်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ရုပ်ရှင်နဲ့ သက်ဆိုင်သူတွေက ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် ကျွန်တော်
နောက်ထပ် တစ်ကား နှစ်ကားလောက် ဆက်ရိုက်ဖို့ လက်ခံခဲ့တာပါ။ အလုပ်က
အလုပ်ပဲလေ။ ခုချိန်မှာ ကျွန်တော် စာချုပ်တစ်ခု ရှိနေတယ်။ ဒီအတွက်တော့
လုပ်စရာရှိတာ လုပ်ရမှာပါပဲ"ဟု ပြောကြားသွားသည်။
Source:
TheSun
No comments:
Post a Comment