Monday, 12 November 2012

ကျိုက္ခမီ ပင်လယ်ဝ သို့ အပျော်စီး ရေယာဉ် ထွက်ခွာ

မွန်ပြည်နယ် ကုန်သည်နှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းမှ အများပိုင် ကုမ္ပဏီ တည်ထောင်ရန်၊ ရန်ပုံငွေ ရှာဖွေရန် အတွက် မော်လမြိုင် ဆိပ်ကမ်းမှ ကျိုက္ခမီ ပင်လယ်ဝသို့ အပျော်စီး သင်္ဘော ခရီး အစီ အစဉ်ကို အောက်တိုဘာ ၃ဝ ရက် (သီတင်းကျွတ် လပြည့်နေ့) မွန်းလွဲ ၁ နာရီ က စမ်းသပ် ခရီးစဉ်ဖြင့် ပြေးဆွဲ ခဲ့ရာ ည ၈ နာရီ တွင် ပြန်လည် ရောက်ရှိသည်။ ယင်း ခရီးစဉ် တွင် ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၉၉ဝဝ နှုန်းဖြင့် လက်မှတ် စောင်ရေ ၃၅ဝ ကို ရောင်းချ ခဲ့ရာ ခရီးသည် များအား ဝန်ဆောင်မှု အဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၃ဝဝ တန်ဖိုးရှိ တီရှပ် တစ်ထည်၊ ဟမ်ဘာဂါ တစ်ခု၊ ဆင်းဒွစ် တစ်ခု၊ အာလူး ကတ္တ လိပ်ကြော် တစ်ခု၊ ရေသန့် တစ်ဘူးစီ အခမဲ့ ပေးဝေ ခဲ့ပြီး ဘူဖေး စနစ်ဖြင့် အာလူးကြော်၊ မြေပဲကြော်၊ ကွင်း လိမ္မော်ရည် တို့ကို လိုသလောက်
စားသောက်ခွင့် ပြုထားသည်။ မော်လမြိုင်မြို့ ပြည် တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ သမိန်ဗရမ်း ရေယာဉ်ကို ငှားရမ်း အသုံးပြုရာ ငှားရမ်းခ ငွေကျပ် လေးသိန်း ပေးချေပြီး ကုန်သည်များ အသင်းက ရေယာဉ် သန့်ရှင်းရေး အတွက် ဆေးသုတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း တို့ကို လုပ်ကိုင် ပေးခဲ့ သည်။ မွန်ပြည်နယ် ကုန်သည်များ အသင်းမှ ရေယာဉ် ပြေးဆွဲရေး ဆောင်ရွက်သည့် အဖွဲ့ကို ''သံလွင်အိပ်မက်'' ဟု အမည် ပေးထားပြီး မော်လ မြိုင် မြို့ပေါ်ရှိ ဈေးသူ၊ ဈေးသား များနှင့် ပွဲရုံ လုပ်ငန်းရှင် များက ဈေးပိတ်ရက် များတွင် အပန်းဖြေ ခရီး သွားရခြင်း အတွက် အထူး နှစ် သက်လျက် ရှိပြီး ခရီးစဉ် မှာလည်း အောင်မြင်မှု ရရှိ ခဲ့သဖြင့် နိုဝင်ဘာ ၂၈ ရက် (တန်ဆောင်မုန်း လပြည့်နေ့) တွင် ဒုတိယ ခရီးစဉ် အဖြစ် ထပ်မံ ပြေးဆွဲရန် စီစဉ် ထားကြောင်း သတင်း ရရှိသည်။   
by- .myawady

No comments:

Post a Comment