Tuesday, 6 November 2012

မျှော်စင်ကျွန်းမှာပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတဲ့ နန်းခင်ဇေယျာ


နိုဝင်ဘာလ ၂၃ ရက် နေ့(သောင်္ကြာနေ့) ညနေမှာ မျှော်စင်ကျွန်းမှာပရိတ်သတ်ကြီးအားလုံးနဲ့ တွေ့နိုင်အောင် စီစဉ်နေကြောင်း နန်းခင်ဇေယျာရဲ့ Facebook စာမျက်နှာမှ သိရပါတယ်။
"အားလုံးပဲ မင်္ဂလာမနက်ခင်းပါရှင့်….. ညီမကို အစဉ်တစိုက် အပင်ပန်းခံပြီး အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံး၊ ညီမကို တွေ့ချင်တဲ့ ပရိတ်သတ်ကြီးအားလုံးကို သတင်းကောင်းတစ်ခုပေးချင်ပ

ါတယ်။ ညီမရဲ့ ပရိတ်သတ်ကြီးအားလုံးနဲ့ တွေ့နိုင်အောင် ညီမအခုစီစဉ်နေပါတယ်ရှင့်။ ပရိတ်သတ်ကြီးကို ကျေးဇူးတင်တဲ့ အနေနဲ့ ညီမပွဲတစ်ပွဲလုပ်ဖို့စီစဉ်နေပါတယ်။ အဲ့ဒီပွဲမှာ ညီမရဲ့ ပရိတ်သတ်ကြီးအားလုံးကိုဖိတ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ (ပရိတ်သ
တ်ကြီးအတွက် ပျော်စရာကောင်းမယ့် အစီအစဉ်ဖြစ်မှာသေချာပါတယ်) အဲ့ဒီပွဲလေးကို နိုဝင်ဘာလ ၂၃ ရက် နေ့(သောင်္ကြာနေ့) ညနေမှာ မျှော်စင်ကျွန်းမှာလုပ်ဖို့အတွက် စီစဉ်ထားပါတယ်။ တရားဝင်အနေနဲ့လည်း စာနယ်ဇင်းတွေကနေတဆင့် ကြေငြာပေးသွားဦးမှာပါ။ ညီမက မနက်ဖြန်ကစပြီး နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ခရီးစဉ်ရှိနေတဲ့ အတွက် ညီမအရမ်းတွေ့ချင်တဲ့ ပရိတ်သတ်ကြီးနဲ့ ၂၃ ရက်နေ့မှာမှတွေ့ကြမယ်နော်။ ပွဲအစီအစဉ်အသေးစိတ်ကိုတော့ တာဝန်ရှိတဲ့လူတွေနဲ့ စီစဉ်ပြီးတာနဲ့ ပရိတ်သတ်ကြီးကို အကြောင်းကြားပေးပါ့မယ်။ ပရိတ်သတ်ကြီးကို ကျေးဇူးဆပ်တဲ့ ပွဲတစ်ပွဲအနေနဲ့ လုပ်ချင်တာကြောင့် ညီမတို့ဖက်ကနေ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြပါတယ် ဆိုတဲ့ အကြောင်းကို ကြိုတင်သတင်းပေးထားပါရစေ….. :)

ပရိတ်သတ်နဲ့ တွေ့ဆုံမယ့် ဒီပွဲလေးအတွက် ညီမကို အဓိကကူညီပံ့ပိုးပေးမှာကတော့ မနေ့က ညီမနဲ့ Brand Ambassador အဖြစ်စာချုပ်ချုပ်ဖြစ်ခဲ့တဲ့ Red Link Company ဖြစ်ပါတယ်။"

No comments:

Post a Comment