Friday, 9 November 2012

Facebook ပေါ်က Comment တွေ ဖတ်ရတာ သဘောကျသော စိုးမြတ်သူဇာ

Facebook ပေါ်က Comment တွေဖတ်ရတာ သဘောကျသော စိုးမြတ်သူဇာစိုးမြတ်သူဇာက ခုဆိုရင် ပြေတီဦး၊ မိုးယုစံတို့နဲ့ ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးလျက်ရှိပါတယ် ။ သူ့အနေနဲ့ ခုချိန်မှာ အနောက်တိုင်း အကသင်ချင်ပြီး အကဇာတ်လမ်း တစ်ပုဒ်ရိုက်ကူး ချင်တယ်လို့ဆိုပါ တယ်။ မြန်မာအက မသင်ချင်တာမ ဟုတ်ဘဲ သူ့အရပ်နဲ့ ခန္ဓာကိုယ်တည် ဆောက်မှုကြောင့် မြန်မာအကနဲ့ လိုက်ဖက်မှု ရရှိကနိုင်မယ် မထင်တာ ကြောင့်လို့ဆိုပါတယ်။ သူက ရိုက် ကွင်းမှာ ရှုတင်နားတဲ့အချိန်ဆိုရင် iPad နဲ့ ဂိမ်းကစားလေ့ရှိပြီး ဂိမ်း ကစားတာက စိတ်အာရုံကို တစ် နေရာတည်းမှာ စုထားတာကြောင့် ငြီးငွေ့မှုမဖြစ်ဘဲ အမျိုးမျိုးပြောင်း လဲနေတဲ့ကစားပွဲကြောင့် စိတ်ဝင် စားမှုပိုစေတယ်လို့ ဆိုပါတယ်။ သူ ကစားတဲ့ဂိမ်းတွေထဲမှာ ကျွန်းပေါ် မှာ အိမ်တွေဝယ်ပြီးဆောက်ရတဲ့ ဂိမ်းကို အကြိုက်ဆုံးဖြစ်ပြီး အဲဒီလို အိမ်ဝယ်ဖို့ဆို ပိုက်ဆံရှာရတာ ကြောင့် သူက ဂိမ်းမှာရော၊ အပြင်မှာပါ ပိုက်ဆံရှာရတဲ့ သူတစ်ယောက် ဖြစ်နေတယ်လို့ဆိုပါတယ်။ သူက အောက်တိုဘာလ (၉)ရက်နေ့က စပြီး Facebook စတင်သုံးစွဲခဲ့ပြီး ခုဆိုရင် ဂိမ်းကစားတာအပြင် Facebook သုံးရတာလည်းကြိုက်
တယ်လို့ဆိုပါတယ်။ နံနက်တိုင်း Facebook မှာ ပုံတွေတင်ဖြစ်ပြီး အဲဒီပုံတွေအောက်က Comment တွေဖတ်ရတာလည်း သဘောကျ တယ်လို့ သူကဆိုပါတယ်။
M.T.M
8 Days

No comments:

Post a Comment