Friday, 9 November 2012

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (PR) စနစ်ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ


လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ် (Permanent Residence System-PR) ဆိုင်ရာ ပထမ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက် အမှာ စကား ပြောကြားသည်။

ဆက်လက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး ဦးထွန်းဝေက PRစနစ် ကျင့်သုံးနိုင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် ပြုနိုင်မည့် နိုင်ငံသား ဟောင်းနှင့် နိုင်ငံခြားသား များအတွက် အရည်အချင်း သတ်မှတ်ချက် PR သက်တမ်း၊ အခကြေးငွေ ခံစားခွင့် စသည့် အချက်များ၊ PR ခွင့်ပြုနိုင်ရေး စတင် စိစစ် ဆောင်ရွက်နိုင်ရေး တို့ကို အကြံပြု တင်ပြသည်။

ထို့နောက် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူ များက PRစနစ် ကျင့်သုံးနိုင်ရေး အတွက် ဌာနအလိုက် လုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုး ဆောင်ရွက် နိုင်ရေး အခြေအနေ များနှင့် လုပ်ငန်း လိုအပ်ချက် များကို အကြံပြု ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment