Sunday, 2 December 2012

မုံရွာ ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရသံဃာတော်များကို လာရောက်တွေ့ဆုံ အားပေးရုပ်/သံ

ကိုမင်းကိုနိုင်နဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီဇင်ဘာ(၁)ရက်နေ့က မုံရွာ ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရသံဃာတော်များကို လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။ ဒီဗွီဘီ သတင်းထောက်က တွေ့ဆုံမေးမြန်းရာမှာ ကိုမင်းကိုနိုင်က " အကြမ်းဖက်နှိမ်နင်းမှုကို လုံးဝလက်သင့်မခံနိုင်ကြောင်း၊ မီးလောင်စေသော ဗုံးများနှင့် ပစ်ခတ်ခဲ့ခြင်းကို ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ အမြန်စစ်ဆေးစုံစမ်းရန် လိုအပ်ကြောင်း၊ ကော်မရှင် ဖွဲ့စည်းသည
့်နေရာတွင် လွတ်လွတ်လပ်လပ် ကန့်သတ်ချက်မရှိဘဲ ဖွဲ့စည်းထားသည့် ကော်မရှင် ဖြစ်ရန်လိုကြောင်း၊ ရဲများအနေဖြင့် သံဃာတော်အရှင်သူမြတ်များကို အနူးအညွတ် ၀န်ချတောင်းပန်ရန် လိုအပ်ကြောင်း" ပြောကြားသွားခဲ့ပါတယ်။



အဲဒီ့တစ်နေ့တည်းမှာပဲ လက်ပံတောင်းတောင် အရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်စေပြီး သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးရာမှာ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး တို့အဖွဲ့ဝင်အနေနဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီ့ ကော်မရှင်ဟာ တစ်လအတွင်းမှာ စုံစမ်းဆေးမှု အစီရင်ခံစာကို သမ္မတဆီ တင်သွင်းရမယ်လို့လည်း ဒီဇင်ဘာ(၁)ရက်နေ့ ရက်စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာ (အမှတ် ၉၂ / ၂၀၁၂)မှာ ပါရှိပါတယ်။

အဲဒီ့ သမ္မတအမိန့်ကြော်ငြာစာထွက်ပြီး နာရီပိုင်း အတွင်းမှာပဲ "၈၈မျိုးဆက်ကျောင်းသားများ အနေနဲ့ ကော်မရှင်မှာ ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း" သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ (၂)ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့အတွက် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေးနဲ့ ကိုဂျင်မီတို့ဟာ မုံရွာမြို့ကနေ မနက်ပိုင်းမှာ ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment