Monday, 24 December 2012

ငွေလိမ်ပြေးသည့် ဈေးခေါင်းအား စည်ပင် မှ ဈေးခေါင်းပြန်ခန့်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့
 ဌေးဝင်းဈေးရှိ ဈေးခေါင်း ဦးမြင့်ဦး
သည် ဈေးသူဈေး သားများ၏
 ဈေးအခွန်ငွေများ၊ အတိုးဖြင့်ချေးယူ
ထားသော ငွေများစွာကို ရှင်းလင်းခြင်း

မရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်သည်မသိ၊

 ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။

 ထို့ကြောင့် ဈေးသူဈေးသားများက အလွန်မကြေမနပ်ဖြစ်လျှက် ရှိကြပြီး ထိုသို့ အကျင့်ပျက်လာပ်စား၊ ငွေအလွဲ သုံးစားပြုလုပ်သူအား ပြန်လည် မခန့်ထားသင့်ကြောင်း ဈေးသူဈေးသားများက တညီတညွတ်တည်း ပြော ဆိုနေကြာကြောင်း သတင်းရရှိပါသည်။

ဒီမိုးဝေယံ

No comments:

Post a Comment