Thursday, 20 December 2012

အင်တာနက်တွင် ပျံ့နှံ့နေသော သုဿန်ရောက်ပြီးမှပြန်လည် ရှင်သန်လာသည့် အမျိုးသမီးတစ်ဦးသတင်း မမှန်ကန်ကြောင်း မန်းစည်ပင်က အတည်ပြုပြောကြား *

*ကြာနီကန်သုသာန် သို့ သဂြိုလ်ရန်ရောက်ရှိလာသော အမျိုးသမီးအလောင်းအသက်ပြန်ရှင်လာဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ယင်းဖြစ်စဉ်မျိုး ကြာနီကန်သုသန်တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဌာနခွဲမှူး ဦးစိုးတင့်အောင်က အတည်ပြုပြောကြားသည်။ "မန္တလေးမြို့မှာ နာရေးသဂြိုလ်တာပဲဖြစ်ဖြစ် ဂူသွင်းတာပဲဖြစ်ဖြစ် ကျွန်တော်တို့မြို့တော်စည်ပင်သန့်ရှင်းရေးဌာနကို လာရောက်ဆက်သွယ်လုပ်ကိုင်ရင် သေဆုံးကြောင်းထောက် ခံချက် အပြည့်အစုံပါမှ မီးသဂြိုလ်ခွင့် ဂူသွင်းခွင့် တွေကိုလက်ခံပေးတာဖြစ်ပါတယ်သုဿန်ရောက်ပြီး မှ ပြန်ရှင်လာတယ် ဆိုတဲ့သူ အခုအချိန်ထိ တစ်ယောက်မှမရှိပါဘူး " ဟု ယင်းကပြောကြားသည်။
မန်းကိုကို

credit to-Yangon Media Group

No comments:

Post a Comment