Monday, 17 December 2012

ရေတွင်းပေါ်မှ ဘောလုံးပွဲ တက်ကြည့်သူ ရေတွင်းထဲ လိမ့်ကျ သေဆုံး

ဖြူးမြို့နယ် ဇေယျဝတီမြို့ ဖဆရပ်ကွက်
 ရွှေစေတီ လမ်းနေ  ကျော်ကျော်ဇင်
 ၃၂ နှစ်(ဘ) ဦးဝင်းမောင်သည်
ဒီဇင်ဘာ ၁ဝ ရက် ညနေ ၅နာရီခန့်က ရပ်ကွက် ဘောလုံး ပွဲကို  နေအိမ်ခြံဝင်း အတွင်းရှိ ရေတွင်းပေါ်မှ တက်ကြည့် ရာ ရေတွင်းထဲ ပြုတ်ကျ သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ဦးဝင်းမောင် သည် သားဖြစ်သူ  မတွေ့ရှိသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံပြီး ဝိုင်းဝန်း ရှာဖွေကြရာမှ ရေတွင်းထဲ၌ အလောင်း တွေ့ ရှိခြင်း ဖြစ်သည်။


ဘောလုံးပွဲ ကြည့်စဉ် ရေတွင်းထဲ လိမ့်ကျသူ ကျော်ကျော်ဇင်သည် ကျန်းမာရေး ချို့တဲ့သူ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဇေယျဝတီ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၉/၂ဝ၁၂ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြဝတီ

No comments:

Post a Comment