Saturday, 15 December 2012

ကြေးနီ-ပျဉ်းမနား ရထားပေါ်မှ ကျွန်းသစ်များ ဖမ်းဆီးရမိ

ကြေးနီ-ပျဉ်းမနား ရထားပေါ်မှ ကျွန်းသစ်များ ဖမ်းဆီးရမိ

မန္တလေးတိုင်း ဒေသကြီး လယ်ဝေး မြို့နယ် သစ်ပုတ်ပင် ဘူတာ၌ ကျေးနီ- ပျဉ်းမနား ပြေးဆွဲလျက်ရှိသော ၁ဝ၄ အစုံလော်ကယ် ရထားပေါ်မှ  တရားမဝင် ကျွန်းသစ်များကို သစ်ပုတ်ပင် သစ်တော ဦးစီးဌာန နယ်မြေ တာဝန်ခံ တောအုပ်နှင့် ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်  နံနက် ၁ဝ နာရီ ၅၅ မိနစ်က  ဖမ်းဆီး ရမိသည်။

ဖြစ်စဉ်မှာ မင်းပြင်ဘူတာ၌  ၁ဝ၄ အစုန်လော်ကယ် ရထား ခေတ္တ ရပ်နားစဉ် မင်းပြင် ဘူတာ ရုံပိုင် ရုံးခန်းမှ အသံချဲ့စက်ဖြင့်ရထားပေါ်တင်ဆောင်နေသော တရားမဝင် ကျွန်းများ ကျွန်းဘကာပြားများ တင်ဆောင်ခြင်း မပြုရန်နှင့် ရထား လိုက် ဝန်ထမ်းများက တားမြစ်သော်လည်း အတင်းအဓမ္မ တင်ဆောင်၍ ရထား လိုက် ဝန်ထမ်းများက မင်းပြင်ဘူတာနှင့် သစ်ပုတ်ပင် ဘူတာသို့  စာတို ပေးပို့ တင်ပြခြင်းကြောင့် သစ်ပုတ်ပင် နယ်မြေ သစ်တော တာဝန်ခံ တောအုပ်နှင့်   အဖွဲ့ ရထားလိုက် ဝန်ထမ်းများ ပူးပေါင်း၍ ကာလ တန်ဖိုးငွေကျပ် ၅ဝဝဝဝ ခန့်တန်ဖိုးရှိ ကျွန်းနှင့် ကျွန်းအကာခွဲသား များကို  ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/crimenews/item/1884-2012-12-15-10-38-34

မန္တလေးတိုင်း ဒေသကြီး လယ်ဝေး မြို့နယ်သစ်ပုတ်ပင်ဘူတာ၌ ကျေးနီ- ပျဉ်းမနား ပြေးဆွဲလျက်ရှိသော၁ဝ၎
အစုံလော်ကယ် ရထားပေါ်မှ တရားမဝင် ကျွန်းသစ်များကို သစ်ပုတ်ပင် သစ်တော ဦးစီးဌာန နယ်မြေတာဝန်
ခံ တောအုပ်နှင့် ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၅၅ မိနစ်က ဖမ်းဆီး ရမိသည်။
ဖြစ်စဉ်မှာ မင်းပြင်ဘူတာ၌ ၁ဝ၄ အစုန်လော်ကယ် ရထား ခေတ္တ ရပ်နားစဉ် မင်းပြင်ဘူတာရုံပိုင်ရုံးခန်းမှ အ
သံချဲ့စက်ဖြင့်ရထားပေါ်တင်ဆောင်နေသော တရားမဝင်ကျွန်းများကျွန်းဘကာပြားများ တင်ဆောင်ခြင်း မပြု
ရန်နှင့် ရထား လိုက် ဝန်ထမ်းများက တားမြစ်သော်လည်း 
အတင်းအဓမ္မ တင်ဆောင်၍ရထားလိုက်ဝန်ထမ်းများက မင်းပြင်ဘူတာနှင့် သစ်ပုတ်ပင် ဘူတာသို့ စာတို
ပေးပို့ တင်ပြခြင်းကြောင့် သစ်ပုတ်ပင် နယ်မြေ သစ်တာ တာဝန်ခံ တောအုပ်နှင့် အဖွဲ့ ရထားလိုက်ဝန်ထမ်း
များ ပူးပေါင်း၍ ကာလ တန်ဖိုးငွေကျပ် ၅ဝဝဝဝ ခန့်တန်ဖိုးရှိ ကျွန်းနှင့် ကျွန်းအကာခွဲသား များကို ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိကြောင်း သိရသည်။
 မြ၀တီ

No comments:

Post a Comment