Monday, 31 December 2012

၂ဝ၁၂ ခုနှစ်အတွင်း အကောင်းဆုံးနှင့် အဆိုးဆုံး ဝတ်စား ဆင်ယင်သူ ကိုရီးယား အနုပညာ ရှင်များကို ရွေးချယ်

၂ဝ၁၂ ခုနှစ်အတွင်း အကောင်းဆုံးနှင့် အဆိုးဆုံး ဝတ်စား ဆင်ယင်သူ ကိုရီးယား အနုပညာ ရှင်များကို ရွေးချယ်တောင်ကိုရီးယား နိုင်ငံတွင် ဖက်ရှင်ဆိုင်ရာ ကျွမ်းကျင်သူ များက ၂ဝ၁၂ ခုနှစ်အတွင်း အကောင်းဆုံးနှင့် အဆိုး ဆုံး ဝတ်စား ဆင်ယင်သူ အနုပညာရှင် များ ကို ရွေးချယ်ခဲ့ရာ Big Bangအဖွဲ့မှ ခေါင်းဆောင် အဆိုတော် G-Dragon က အကောင်းဆုံး ဝတ်စား ဆင်ယင်သူ အဖြစ် ရွေးချယ်ခံရပြီး မင်းသမီး ဟာ နာဂျောင်က
အဆိုးဆုံး ဝတ်စား ဆင်ယင်သူ အဖြစ် ရွေးချယ် ခံရသည်။ ဖက်ရှင် ကျွမ်းကျင်သူ ပညာရှင် ၁ဝ ဦးက အဆိုပါ ရွေးချယ်မှုကို ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ေ ကြာင်း Chosun Ilbo သတင်းစာက ဖော်ပြခဲ့သည်။
အကောင်းဆုံး ဝတ်စား ဆင်ယင်နိုင်သူ စာရင်းတွင် The Chaser ဇာတ်ကားမှ မင်းသမီးချော ကိုဂျွန်ဟီးက
ဒုတိယ နေရာ ရရှိခဲ့ပြီး အာရှ အမျိုးသမီးများ အသည်းစွဲ ဆောင်ဂျောင်ကီနှင့် မင်းသမီး ကင်နမ်ဂျိုတို့က တတိယ နေရာ ရရှိခဲ့သည်။ လိုက်ဖက်မှု မရှိဆုံး ဝတ်စား ဆင်ယင်သူ စာရင်းတွင် မင်းသမီး ဟာ နာဂျောင်က ဆုပေးပွဲ တစ်ခုတွင် သူမ၏ ဆွဲဆောင်မှု အားကောင်းသော ခန္ဓာကိုယ်အား မလုံ့တလုံ အဝတ်အစားများ ဆင်ယင် ခဲ့သ ဖြင့် ပထမနေရာ ရရှိခဲ့ပြီး လီဗျောင်ဟွန်းနှင့်   လီမင်ဂျောင်တို့  စုံတွဲကလည်း ရိုးရှင်းသော ဝတ်စား ဆင်ယင်သူ အဖြစ် ရွေးချယ် ခံရသည်။ ထို့ပြင် အဆိုးရွားဆုံး ဝတ်စား ဆင်ယင်သူ စာရင်း၌ ဟန်ဂါအင်း၊ Psy နှင့် မွန်ဂို ယောင်းတို့လည်း ပါဝင် ခဲ့သည်ဟု သိရသည်။
by-မြဝတီ

No comments:

Post a Comment