Saturday, 29 December 2012

တရားမ၀င် ကျွဲ၊ နွားများ ဖမ်းဆီးရမိ

၈-၁၂-၂၀၁၂ ရက်နေ့ ၀၀၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ် မုန်ကြိုင်းကျေးရွာ အရှေ့မြောက်ဘက် လမ်းဆုံတွင် ပုလဲမြို့နယ် ကန်ရိုးကျေးရွာနေ မြတ်အေး (၄၅)နှစ်၊ တစ်ရွာတည်း နေသူများဖြစ်သည့် မောင်ဇော် (၂၈)နှစ်၊ ရဲအောင် (၁၉)နှစ် ၊ရွှေတိုး (၂၇)နှစ်တို့အား ခွင့်ပြုမိန့် တစ်စုံတစ်ရာမပါရှိဘဲ တရားမ၀င် သယ်ဆောင်လာသော နွားထီး(၃)ကောင်၊ ကျွဲထီး(၃)ကောင်၊ ကျွဲမ (၂)ကောင်၊ စုစုပေါင်း ကျွဲ၊နွား (၈)ကောင်၊ တန်ဖိုးငွေကျပ် (၂၀၂၀၀၀၀)ဘိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့အား စစ်ဆေးရာ (၁)ဦးလျင် (၇၀၀၀)ကျပ်နှုန်းဖြင့် ကျွဲ၊ နွားများကို ယင်းမာပင်မြို့နယ်

လက်တောင်းငယ်ကျေးရွာနေ ဦးကျော်စိန်ထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရပြီး မြတ်အေးပါ (၄)ဦးတို့အား ပုလဲရဲစခန်း(ပ)၂၀၆/၂၀၁၂၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

by-ရဲဇာနည်

No comments:

Post a Comment