Sunday, 30 December 2012

ပဲ့ထောင်လှေပေါ်မှ လူတစ်ဦး မြစ်ထဲပြုတ်ကျ သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေး မြို့နယ် ငမန်းချောင်း ကျေးရွာထိပ် သကံမြစ်ထဲသို့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက  လူတစ်ဦး ပဲ့ထောင် လှေပေါ်မှ ပြုတ်ကျ၍ သေဆုံး မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲက တစ်ရွာတည်းနေ အစ်ကို တော်စပ်သူ  သန်းမြင့် ၄၆နှစ် (ဘ)ဦးသန်းမောင်နှင့် အတူ ဘိုကလေးမြို့သို့ စပါး သွားရောင်းရန် ပဲ့ထောင်လှေဖြင့် လိုက်ပါသွားသော သန်းဦး ၄၃နှစ် (ဘ)ဦးအုန်းဆောင်သည် ဘိုကလေးမှ အပြန် ငမန်းချောင်း ကျေးရွာထိပ် သကံမြစ်ထဲသို့  ပြုတ်ကျသွားကြောင်း သန်းမြင့် မှ ပြန်လည်ပြောပြ၍ သိရပြီး သန်းဦး၏ အလောင်းကို
လိုက်လံ ရှာဖွေရာ ဒီဇင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ငမန်းချောင်းအတွင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ပဲ့ထောင်ပေါ့ဆ စွာ မောင်းနှင်သူ သန်းမြင့်အား အရေးယူပေးပါ ရန် ဒီဇင်ဘာ ၂၆ ရက်က သန်းဦး၏ ဇနီးဖြစ်သူ မသန်းနွဲ့၏ တိုင်တန်းချက် အရ ကမကလူ ရဲစခန်းမှ (ပ)၅ဝ/၁၂၊ ပုဒ်မ  ၃ဝ၄(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
 by- မြ၀တီ

No comments:

Post a Comment