Monday, 24 December 2012

မယားဖြစ်သူအား လိုက်လံခေါ်ဆောင်ရာမှ လူသတ်မှုဖြစ်

ကချင်ပြည်နယ်၊ မန်စီမြို့၊ ကောင်ရာရပ်ကွက်နေ မခါးရာ(၃၀)နှစ်သည် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က ကချင်ပြည်နယ်၊ မန်စီမြို့၊ ကောင်ရာရပ်ကွက်နေ မခါးရာ(၃၀)နှစ်သည် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က ခင်ပွန်းဖြစ်သူ ကိုလခန်လတောင်(၃၃)နှစ်နှင့် စကားများရန်ဖြစ်ပြီး ဂျိမ်းဖောမြေရပ်ကွက်ရှိ ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားရောက်နေထိုင်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ကိုလခန်လတောင်(၃၃)နှစ်နှင့် စကားများရန်ဖြစ်ပြီး ဂျိမ်းဖောမြေရပ်ကွက်ရှိ ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားရောက်နေထိုင်ခဲ့သည်။
၂၃-၁၂-၂၀၁၂ ရက်နေ့ ၀၈၄၅ အချိန်တွင် မခါးရာသည် ဖခင်ဖြစ်သူ၏ နေအိမ်မီးဖိုဆောင် အတွင်း အစ်မဖြစ်သူနှင့်အတူ ရေနွေးသောက်နေစဉ် ခင်ပွန်း ကိုလခန်လတောင် ရောက်ရှိလာပြီး မခါးရာ အား အတူပြန်လိုက်ရန်ခေါ်ဆိုရာ မလိုက်နိုင်ကြောင်း ပြန်လည်ပြောဆိုသဖြင့် ခင်ပွန်းဖြစ်သူမှ အသင့် ယူဆောင်လာသည့် ဓါးမြှောင်နှင့်ထိုးသွင်းခဲ့ရာ မခါးရာတွင် ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ(၇)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့၍ မန်စီရဲစခန်း(ပ)၂၃/၂၀၁၂၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။
၎င်းင်းနောက် မန်စီရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လခန်လတောင်အား စုံစမ်း ဖမ်းဆီးခဲ့ရာ ၁၂၅၅ အချိန်တွင် မန်စီမြို့အနောက်ဘက်(၁)မိုင်ခန့်အကွာ လယ်တောတွင် ၀ဲဘက်ရင်အုံ အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် တွေ့ရှိဖမ်းဆီးခဲ့သည်။ ၄င်းအား စစ်ဆေးရာ မခါးရာအား ထိုးခဲ့သည့် ဓါးမြှောင်ဖြင့် မိမိကိုယ်ကို ထိုးသွင်းခဲ့ကြောင်း သိရှိရ၍ ဆေးကုသရန်အတွက် ၁၃၅၀ အချိန်တွင် ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment