Wednesday, 5 December 2012

နို့ထိန်းသည်လေးချင်ပန်ဇီ.......

ထိုင်းနိုင်ငံမှ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် ချင်ပန်ဇီမျောက်ငယ်လေးတစ်ကောင်သည် ကျားပေါက်ငယ်လေး တစ်စုအတွက် ယုံရခက်သော အစားထိုးမိခင်ဖြစ်နေသည်။
အသက် နှစ်နှစ်ခွဲသာ ရှိသေးသည့် ဒိုဒို အမည်ရှိ ချင်ပန်ဇီကလေးကို ကျားသားေ
ပါက်ကလေးများအား နို့ဘူးတိုက်ကျွေးတတ်စေရန် လေ့ကျင့်ပေးထားပြီး ၎င်းအနေဖြင့် ကျားသားပေါက်ကလေးများအတွက် နို့ထိန်းမိခင်အလုပ်ကို တစ်နှစ်နီးပါးမျှ လုပ်နေခဲ့ပြီးဖြစ်သည်။
တိရစ္ဆာန်ထိန်းသိမ်းသူများ၏ အဆိုအရ ကျားပေါက်ကလေးများသည် များမကြာမီတွင် အရွယ်ရောက်လာတော့မည်ဖြစ်ပြီး ချင်ပန်ဇီလေး ဒိုဒို နှင့် ခွဲခွာရတော့မည်ဖြစ်သည်။
by-funnyworld

No comments:

Post a Comment