Tuesday, 11 December 2012

ပက်စီအချိုရည်ကုမ္ပဏီသည် ပြိုင်ဘက်ဖြစ်သော

ပက်စီအချိုရည်ကုမ္ပဏီသည် ပြိုင်ဘက်ဖြစ်သော ကိုကာကိုလာထက် ဈေးကွက်ပိုမိုထိုးဖောက်ရန် သရုပ်ဆောင်အဆိုတော် ဘီယွန်းဆေးနှင့် ပေါင်စတာလင် သန်း ၃၀ တန် ကြော်ငြာဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်သည်။ ပက်စီသည် ရုပ်မြင်သံကြားနှင့် မဂ္ဂဇင်းများတွင် အခြားနာမည်ကျော်များဖြစ်သော ဒေးဗစ်ဘက်ခမ်း၊ ဂျနီဖာလိုပက်ဇ်တို့နှင့် ကြေငြာခဲ့သော်လည်း
ယခုအခါ၌ ဘီယွန်းဆေး၏ပုံကို အချိုရည်ဘူးများတွင် ရိုက်နှိပ်ကာ ကြော်ငြာတော့မည်ဖြစ်သည်။

ယင်းအချိုရည်ဘူးများကို လာမည့် မတ်လ၌ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး အရေအတွက်ကိုမူ ကန့်သတ်ထုတ်ဝေမည် ဖြစ်သည်။ ယခုကြော်ငြာသည် ဘီယွန်းဆေး၏ ပထမဦးဆုံး အချိုရည်ကြော်ငြာလည်း ဖြစ်သည်။ ပက်စီကုမ္ပဏီသည် ဘီယွန်းဆေးအား ယခုကဲ့သို့ ကြော်ငြာမော်ဒယ်အဖြစ် ရွေးချယ်ပြီးနောက် ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် သူမ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း စပွန်ဆာပေးမည်ဖြစ်သည်။
from-

No comments:

Post a Comment