Monday, 31 December 2012

မီးလောင်မှုကြောင့် ကလေးငယ်(၂)ဦး သေဆုံး

၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၃၄၅ အချိန် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်စလော့ရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်စံရဲကင်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ယင်းကျေးရွာနေ ဌေးအောင်(၄၅)နှစ်သည် မီးဖွားနေသည့်ဇနီးဖြစ်သူ မဥမ္မာဝင်း(၃၂) နှစ်အတွက် သက္ကယ်မိုး ထရံကာ နေအိမ်အတွင်း မီးဖိုပေးခဲ့ပြီး တောတွင်းသို့ ထင်းခုတ်ရန်သွားရောက်ခဲ့သည်။ ၁၂၃၀ အချိန် ဇနီးဖြစ်သူ မဥမ္မာဝင်းမှ အပေါ့သွားရန် အပြင်သို့ထွက်သွားစဉ် ထင်းမီးဖိုမီးပွားမှ စောင်အား မီးကူးစက်လောင်ကျွမ်း ခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့သဖြင့် ၁၃၁၅ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဌေးအောင်၏သားဖြစ်သူ နေလင်းအောင်(၁)နှစ်နှင့် (၉)ရက်အရွယ် သမီးငယ်(၁)ဦး၊

စုစုပေါင်း(၂)ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ်(၁၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ သဖြင့် မိုင်းလုံရဲစခန်း(ပ)၁၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

by-ရဲဇာနည်

No comments:

Post a Comment