Saturday, 29 December 2012

ဝက်စာအိုး တည်စဉ် မီးလောင်မှု ဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့နယ် သရက် တောကျေးရွာ မင်းလမ်း အလယ်ပိုင်းရှိ ဒေါ်မယ်ဆွေ ၆၇ နှစ် (ဘ)ဦးချစ်လှိုင်၏ နေအိမ် မီးဖိုချောင်၌ ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်က ဝက်စာအိုး တည်ထားသော ထင်းမီးဖိုမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားသည်။
မီးလောင်မှု ကြောင့် ဒေါ်မယ်ဆွေ၏ နေအိမ်ဖက်မိုး၊ ထရံကာ၊ ဝါးခင်းတို့ မီးလောင်ကျွမ်း၍ အိမ်နီးချင်း ဒေါ်မြထွေး၏ ဖက်မိုး၊ ထရံ ကာ၊ ပျဉ်ခင်း နေအိမ်သို့ ထပ်မံ ကူးစက် လောင်ကျွမ်းခဲ့ပြီး ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဒေါ်မယ်ဆွေနှင့် ဒေါ်မြထွေးတို့၏ နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၇၅ဝဝဝ ခန့်ဖြစ်ပြီး လူထိခိုက် သေဆုံးမှု မရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းက ဒေါ်မယ်ဆွေအပေါ် (ပ)၁၅၆/၂ဝ၁၂၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
by- မြဝတီ

No comments:

Post a Comment