Saturday, 1 December 2012

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံဃာတော်များ၏ သြ၀ါဒ ခံယူပွဲတစ်ရပ်

၁.၁၂.၂၀၁၂ ရက်နေ့၊ နေ့လည် (၂း၃၀) တွင် မုံရွာမြို့၊ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်းဓမ္မဗိမာန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံဃာတော်များ၏ သြ၀ါဒ ခံယူပွဲတစ်ရပ်ဟုဆိုကာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယုမှ သံဃာတော်များကို လျှောက်ထားရာတွင် မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် သပိတ် မဖြိုခင် ကြိုတင်သတိပေးပြီးသည့်နောက် ၂၇ နာရီအထိ အချိန်ကို ပိုပေးပြီး စောင့်ဆို
င်းခဲ့ကြော

င်း၊ ဆန္ဒပြသည့် တောင်သူလယ်သမားများသည် သံဃာတော်များ၏ အရိပ်ကို ခိုကာ
ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် မဖြစ်မနေ ဖြိုခွင်းရကြောင်း၊ မဖြိုခွင်းခင် ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် နိုင်ငံတော်၏ လုပ်ငန်းရပ်ဆိုင်းရပါက နစ်နာဆုံးရှုံးရမည့် ငွေပမာဏကို အသိပေး ဖျောင်းဖျခဲ့ပြီး ဖြစ်ကြောင်း၊ မလိုက်နာဘဲနှင့် ဆက်လက်၍ ဆန္ဒပြမှု ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ အဖြစ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။

No comments:

Post a Comment