Friday, 28 December 2012

Hello Kitty ကြောင်ရုပ်က ထိုင်းရဲတို့အတွက် အရှက်ရစရာ အမှတ်အသားဖြစ်

faceshame
Hello Kitty ကြောင်ရုပ်က ကမ္ဘာတစ်ဝန်းက ကလေးငယ်များအတွက် ချစ်စရာ အရုပ်၊ ကစားစရာ အရုပ်၊ အမှတ်အသား တစ်ခု ဖြစ်ပေမယ့် ထိုင်းရဲ တို့အတွက် ကျတော့ မဟုတ်ပါဘူး။ယင်းကြောင်ရုပ်လေးများ  ပါတဲ့ လက်မောင်းပတ်အဝတ်က ထိုင်းရဲတို့ အတွက် အရှက်ရစရာ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ - မနက် ရုံးတက် နောက်ကျတာ၊ ကားပါကင် မှားထိုးတာ၊ သတင်းအကြောင်းပြန် ၊ မှားယွင်းတာတွေကိုဆိုရင် Hello Kitty ကြောင်ရုပ်ပါတဲ့ လက်ပတ်ကို ပတ်ထားရပါတယ်။ အပြစ်အကြီးအသေးလိုက်ပြီး နေ့စဉ်၊
အပတ်စဉ် ပတ်ရပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ မြို့ တွေထဲမှာ ကြောင်ရုပ်လက်မောင်းပတ်နဲ့ ရဲတွေ တွေ့ရင် အပြစ်လုပ်ထားတဲ့ ရဲလို့ သိနိုင်ကြောင်း သိရပါတယ်။
---
Ref:weird asia
by- .yoyarlay.

No comments:

Post a Comment