Thursday, 6 December 2012

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ရွှေတိဂုံက ရုပ်တုမျိုးစုံ) – status in Shwedagon

ရွှေတိဂုံစေတီမှာ မနုဿီဟ၊ မိကျောင်း၊ ဘီလူး စတဲ့ ရုပ်တုမျိုးစုံ ရှိပါတယ်။


တနေရာမှာတော့ အစိမ်းရောင် ဂဠုန်ရုပ်များကိုလည်း တွေ့ရပါလိမ့်မယ်။
အဲဒါကတော့ ဂဠုန်ဦးစော မိသားစု လှူဒါန်းထားတဲ့ စေတီရံ နဲ့ ဘုရားဆင်းတုတော်နဲ့ တွဲနေတာပါ။
၁၉၅၁ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်) မှာ လှူဒါန်းထားတယ်လို့ မှတ်တမ်း ရေးထားတာကြောင့် ဦးစော လွန်ပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့အလှူမှန်း သိသာပါတယ်။
ဦးစော၊ ဇနီး ဒေါ်သန်းခင်၊ သ္မီး မေသန်းစော ကောင်းမှု လို့ အထက် နဲ့ အောက်ခြေတွေမှာ စာတန်းထိုးပါတယ်။ နောက်ထပ် မွမ်းမံအလှူရှင်များရဲ့ အမည်များလည်း တွေ့ရမှာပါ။


ဝသုန္ဒရေ နတ်သမီး၊ ခြေလေးချောင်းနဲ့နဂါးတို့လည်း ရှိပါတယ်။



တရုတ်နဂါး၊ တရုတ်ခြင်္သေ့လည်း ရှိပါတယ်။


ပါးပျဉ်းထောင်နဂါးနဲ့မုတ်ဆိတ်ဆရာတို့လည်း ရှိပါတယ်။



ဒါကတော့ ရုပ်တု မဟုတ်ပါ။ ကျောင်းသားသပိတ် ကျောက်တိုင် ဖြစ်ပါတယ်။

မိုးမခ ဓာတ်ပုံများ-တယ်လီဖုန်း

No comments:

Post a Comment