Friday, 4 January 2013

ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ် မြို့ရှိ လောင်စာဆီ ဆိုင်၌ ပေါက်ကွဲမှု ဖြစ်ပွား လူ ၁၁ ဦးသေဆုံး

ဒမတ်စကပ်စ် ဇန်နဝါရီ ၎
ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ် မြို့ရှိ လောင်စာဆီ ဆိုင်တစ်ဆိုင်တွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ၄ဝ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရိုက်တာ သတင်း ဌာနက ထုတ်ပြန် ခဲ့သည်။
ဆီးရီးယား ပြည်သူများသည် လောင်စာဆီ ဝယ်ယူရန် အတွက် ဓာတ်ဆီဆိုင်တွင် ညပိုင်း ကတည်းက အိပ်လျက် စောင့်ဆိုင်း နေခဲ့ ပြီး ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ မည်သူမျှ အခိုင်အမာ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ စစ်သွေးကြွ များသည် ဒီဇင်ဘာ ၃၁ ရက်က အရှေ့ပိုင်း ဒီးယား အယ်လ်ဇူးအာ
မြို့အနီးရှိ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို ဖောက်ခွဲခဲ့ရာ သဘာဝ ဓာတ်ငွေ့ ၁ ဒသမ ၅ မီလီယံ ကုဗ မီတာ ခန့် ဆုံးရှုံး ခဲ့ကြောင်း သတင်း ရရှိသည်။
စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ၏ အရေးပါသော လောင်စာဆီ သိုလှောင်ရုံ များကို ဖောက်ခွဲ ဖျက်ဆီးလျက် ရှိပြီး လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက နိုင်ငံ အရှေ့ဘက်ရှိ  အယ်လ်တာနက်ခ် ရေနံမြေ ကိုလည်း  သိမ်းပိုက်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
 from-.myawady

No comments:

Post a Comment