Friday, 11 January 2013

ရထားပေါ်က ရန်ပွဲ

ဒီပုံလေးတွေကို အင်တာနက်မှာ မြင်ဖူးတွေ့ဖူးတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်… China Bus Station မှာ အရှင်လတ်လတ် လူကို သတ်ဖြတ်ပြီး စားသောက်တယ်ဆိုပြီး ဒီဓါတ်ပုံတွေနဲ့အတူ အင်တာနက်မှာ နာမည် ကြီးခဲ့ပါတယ်.. အမှန်တော့ ဒီပုံတွေက လူသားစားတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး…။



တရုတ်နိုင်ငံ Guangzhou Subway Line 4 မှာ အသက် ၆၀ အရွယ်ရှိ အဖိုးအိုတစ်ယောက်နှင့် ၂၈ နှစ်အရွယ် ကျောင်းဆရာတစ်ဦးတို့ ရထားပေါ်မှာ ထိုင်ခုံလုရင်း တိုက်ခိုက်နေကြတာကို လူတစ်ယောက်မှ ဓါတ်ပုံရိုက်ကူး ခဲ့တာပဲဖြစ်ပါတယ်..။ တွေ့ရတဲ့ပုံတွေမှာ ကျောင်းဆရာခေါင်းနဲ့ လက်မောင်းတွေမှာ သွေးတွေ စွန်းပေနေခဲ့ ပြီး နားရွက်ကိုလည်း ကိုက်ဖြတ်ခြင်း ခံထားရပါတယ်… အဘိုးအိုရဲ့နှာခေါင်းမှ သွေးများစီးကျနေခဲ့ပြီး ရထားကြမ်း ပြင်မှာ သွေးတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်…။ ထူးဆန်းတာကတော့ သူတို့နှစ်ယောက်ကို ရထားပေါ်ကလူတွေက ဖြန်ဖြေခြင်း၊ တားဆီးခြင်း မလုပ်ပဲ ရပ်ကြည့်နေခဲ့ပါတယ်…။
အောင်ထွန်းဦး

No comments:

Post a Comment