Saturday, 19 January 2013

လူနေရပ်ကွက်အတွင်းက မြေအောက်ဆီသိုလှောင်ကန်ဆောက်ပြီး ဆီရောင်းမယ့်ဆိုင် သက်ဆိုင်ရာက မတားမြစ်

Photo: လူနေရပ်ကွက်အတွင်းက မြေအောက်ဆီသိုလှောင်ကန်ဆောက်ပြီး ဆီရောင်းမယ့်ဆိုင် သက်ဆိုင်ရာက မတားမြစ်

ဟင်္ဟာတ၊ ဇန်န၀ါရီ ၂၀။

ဟင်္သာတမြို့ သုံးပင်ကွင်းရပ် အင်္ဂပိုလမ်းမှာ ရွှေခြင်္သေ့စက်သုံးဆီ ဆိုင်က မြေအောက်ဆီသိုလှောင်ကန်ပါတဲ့ ပန့်နဲ့ရောင်းမယ့် ဓာတ်ဆီဆိုင်ကို လူနေရပ်ကွက်အတွင်းမှာ စတင်ဆောက်လုပ်တာ ပြီးပါတော့မယ်။ အရင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေ လက်ထက်ကတည်းက လူနေအိမ်ဆောက် မယ်ဆိုပြီး ဆီဆိုင်ကို ခိုးပြီးဆောက်လာတယ်လို့ အနီးတွင်နေထိုင်သော သူများက ပြောကြားပါတယ်။ ပြီးတော့ ရပ်ကွက်အတွင်းနေထိုင်သူတွေ ဒီဓာတ်ဆီဆိုင်ဆောက်တာကို ကန့်ကွက်ရန် မရှိကြောင်းဆိုတဲ့ လက်မှတ်အတုတွေ လိမ်ထိုးပြီး သက်ဆိုင်ရာကို တင်ထားတာဖြစ်ကြောင်းလဲ ဆက်ပြောပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေက ဘယ်လောက်တောင် လာပ်ယူထားလဲမသိ၊ ဒီအတိုင်း လူနေရပ်ကွက်အတွင်းမှာ ဆီဆိုင်အကြီးကြီးဆောက်မှာကို လက်ပိုက်ကြည့်နေကြလို့ ရပ်ကွက်နေပြည်သူများက မကျေမ နပ်ဖြစ်နေကြပါတယ်။ မီးဘေးအတွက်မစိုးရိမ်ကြဘူးလား။
မနေ့က အုန်းကုန်းက ဆီဆိုင်လို မီးလှန့်တာမျိုး၊ ဒါမှမဟုတ် ဆီဆိုင်မှာ အကြောင်းတစ်ခုခုကြောင့် မီးလောင်ရင် ဟင်္သာတတစ်မြို့လုံး ပြာသင့်မှာပါ။ ရပ်ကွက်နေပြည်သူများကတော့ အောက်ခြေအလုပ်မလုပ်တဲ့ ဌာနတွေကို စာမပို့တော့ပဲ နိုင်ငံတော်သမ္မတဆီကို တိုက်ရိုက်စာပို့တိုင်ကြားထားပါတယ်။ ဘာမှ မထူးခြားရင် မြို့နယ်ရဲစခန်းဆီမှာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ဖို့ စာတင်မယ်၊ ပြီးရင် လူနေရပ်ကွက်အတွင်းမှာ ဆီဆိုင်မဖွင့်ရေးကို ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်ကြမယ်လို့ သတင်းရရှိပါတယ်။

 Hinthata HumanRightsဟင်္သာတမြို့ သုံးပင်ကွင်းရပ် အင်္ဂပိုလမ်းမှာ ရွှေခြင်္သေ့စက်သုံးဆီ ဆိုင်က မြေအောက်ဆီသိုလှောင်ကန်ပါတဲ့ ပန့်နဲ့ရောင်းမယ့် ဓာတ်ဆီဆိုင်ကို လူနေရပ်ကွက်အတွင်းမှာ စတင်ဆောက်လုပ်တာ ပြီးပါတော့မယ်။ အရင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေ လက်ထက်ကတည်းက လူနေအိမ်ဆောက် မယ်ဆိုပြီး ဆီဆိုင်ကို ခိုးပြီးဆောက်လာတယ်လို့ အနီးတွင်နေထိုင်သော သူများက ပြောကြားပါတယ်။ ပြီးတော့ ရပ်ကွက်အတွင်းနေထိုင်သူတွေ ဒီဓာတ်ဆီဆိုင်ဆောက်တာကို ကန့်ကွက်ရန် မရှိကြောင်းဆိုတဲ့ လက်မှတ်အတုတွေ လိမ်ထိုးပြီး သက်ဆိုင်ရာကို တင်ထားတာဖြစ်ကြောင်းလဲ ဆက်ပြောပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေက ဘယ်လောက်တောင် လာပ်ယူထားလဲမသိ၊ ဒီအတိုင်း လူနေရပ်ကွက်အတွင်းမှာ ဆီဆိုင်အကြီးကြီးဆောက်မှာကို လက်ပိုက်ကြည့်နေကြလို့ ရပ်ကွက်နေပြည်သူများက မကျေမ နပ်ဖြစ်နေကြပါတယ်။ မီးဘေးအတွက်မစိုးရိမ်ကြဘူးလား။
မနေ့က အုန်းကုန်းက ဆီဆိုင်လို မီးလှန့်တာမျိုး၊ ဒါမှမဟုတ် ဆီဆိုင်မှာ အကြောင်းတစ်ခုခုကြောင့် မီးလောင်ရင် ဟင်္သာတတစ်မြို့လုံး ပြာသင့်မှာပါ။ ရပ်ကွက်နေပြည်သူများကတော့ အောက်ခြေအလုပ်မလုပ်တဲ့ ဌာနတွေကို စာမပို့တော့ပဲ နိုင်ငံတော်သမ္မတဆီကို တိုက်ရိုက်စာပို့တိုင်ကြားထားပါတယ်။ ဘာမှ မထူးခြားရင် မြို့နယ်ရဲစခန်းဆီမှာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ဖို့ စာတင်မယ်၊ ပြီးရင် လူနေရပ်ကွက်အတွင်းမှာ ဆီဆိုင်မဖွင့်ရေးကို ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်ကြမယ်လို့ သတင်းရရှိပါတယ်။

Hinthata HumanRights

No comments:

Post a Comment