Saturday, 5 January 2013

ငါးရှဉ့်ဖမ်းဆီးခြင်းကို ကာကွယ်ရန် တရုတ်၊ ဂျပန်နှင့် တရုတ်(တိုင်ပေ) သုံးနိုင်ငံ ပူးတွဲ လုပ်ဆောင်မည်

ဂျပန် ငါးရှဥ့်များ အလွန်အကျွံ ဖမ်းဆီးခြင်းအား တားမြစ်ရေး စီမံချက် တစ်ရပ်ကို ပူးတွဲ လုပ်ဆောင်ရန် ဂျပန်၊ တရုတ်နှင့် တရုတ်(တိုင်ပေ)ရှိ မွေးမြူရေး လုပ်ငန်း အာဏာပိုင် များက သဘောတူညီ ခဲ့ကြကြောင်း   အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ စီမံကိန်းကို ပူးပေါင်း လုပ်ဆောင်ရန် နိုင်ငံ သုံးနိုင်ငံက သဘောတူညီ ခဲ့ခြင်းသည် ၎င်းတို့ နိုင်ငံများ အကြား အပြန်အလှန် အကျိုးအမြတ် ရရှိစေရန် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဂျပန် နိုင်ငံသည် ငါးရှဥ့်  အများဆုံး စားသုံးသည့် နိုင်ငံဖြစ်၍ တရုတ်နှင့် တရုတ်(တိုင်ပေ) တို့မှ တင်ပို့ရသည့် ငါးများအနက် ၆ဝ
ရာခိုင် နှုန်းကို ဂျပန် နိုင်ငံသို့ တင်သွင်းရကြောင်း သိရသည်။ သဘော တူညီချက် အရ နိုင်ငံ သုံးနိုင်ငံရှိ မွေးမြူရေး လုပ်ငန်း အာဏာပိုင် များသည် ငါးရှဥ့်မွေးမြူ ထုတ်လုပ်သည့် ပမာဏ၊ ရောင်းဝယ်မှု ပြုသည့် ပမာဏနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို လာမည့်နှစ် မေလတွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ 
from-မြဝတီ

No comments:

Post a Comment