Monday, 14 January 2013

ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

၈-၁-၂၀၁၃ ရက်နေ့ ၂၄၀၀ အချိန်ခန့်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ကျေးရွာအုပ်စု၊ သပြေငူကျေးရွာနေ ကျော်ထက်အောင်(၂၂)နှစ်သည် ဖခင်ဖြစ်သူ ဦးပီဦး(ခ)ကျော်မင်းဦး(၄၈)နှစ်နှင့်အတူ ရွာထဲရှိ မင်္ဂလာဆောင်နေအိမ်မှ အလုပ်လုပ်ပြီးပြန်လာစဉ် ဒေါ်ညွန့်ရီနေအိမ်ရှေ့ စက်ရေတွင်းကျောက်ပြားပေါ် အရောက်တွင် နေ့စဉ် အလုပ်ပြန်ချိန်များ၌ မိခင်ဖြစ်သူကိုရန်ရှာခြင်းမပြုရန် ဖခင်ဖြစ်သူအား ပြောပြခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ပြီး ကျော်ထက်အောင်မှ ဖခင်ဖြစ်သူအား ၀ါးရေသရောက်နှင့်ရိုက်၊ ရင်ဝအား ဖနောင်နှင့်
ကန်သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။ သို့ပါ၍ မိခင်ဖြစ်သူ ဒေါ်ကျင်ပို (၄၉)နှစ်မှ ၉-၁-၂၀၁၃ ရက်နေ့ ၀၁၄၅ အချိန်တွင် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ကျေးရွာအုပ်စု၊ သပြေငူ ကျေးရွာနေ ကျော်ထက်အောင်(၂၂)နှစ်အား အထောင်ရဲစခန်း (ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်

No comments:

Post a Comment