Wednesday, 9 January 2013

ထိုင်းလယ်သမား ရန်ကုန်သွား


ထိုင်းနိုင်ငံက နာမည်ကြီးဘဏ်တခုဖြစ်တဲ့ K Bank (Kasikornbank) ရဲ့ ကိုယ်စားလှယ်ရုံးခန်း  ရန်ကုန်မြို့မှာ ဒီကနေ့ ဖွင့်ပါတယ်။

 စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းမှာပါ။


ဓာတ်ပုံ - နန်းသီရီလွင်/ဧရာဝတီ
သိပ်မကြာသေးခင်အထိ ဒီဘဏ်ရဲ့ အင်္ဂလိပ်နာမည်က Thai Farmers Bank ဖြစ်ပါတယ်။

လယ်သမားတွေတည်ထောင်တဲ့ဘဏ် ဟုတ်ပုံမရပေမယ့် စိုက်ပျိုးရေးဖွံ့ဖြိုးတဲ့ထိုင်းအတွက် နာမည်ဟောင်းက အဓိပ္ပာယ် ရှိနေပါတယ်။

အခုတော့ ဒီဘဏ်က ကိုယ်စားလှယ်ရုံးဖွင့်တဲ့နည်းနဲ့ မြန်မာပြည်မှာ ခြေတလှမ်း ချလိုက်ပါပြီ။

မြန်မာပြည်မှာ ဌာနေကိုယ်စားလှယ်ရုံးဖွင့်တဲ့ ထိုင်းဘဏ်များထဲမှာ Bangkok ဘဏ်က အစောဆုံး ဖြစ်ဖွယ် ရှိပါတယ်။ ၁၇ နှစ် ရှိပါပြီ။


ကာလအတန်ကြာ လေ့လာပြီးတဲ့နောက်မှာတော့ မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးဖွင့်တဲ့ ထိုင်းဘဏ် ၄ ခု ရှိလာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ Siam Commercial ဘဏ်၊
ဒီဇင်ဘာမှာ Krungthai ဘဏ်တို့က ကိုယ်စားလှယ်ရုံးဖွင့်ကြတာပါ။

သူတို့က အစိုးရဘဏ်တချို့၊ ပုဂ္ဂလိကဘဏ်တချို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ငွေလဲ၊ ငွေလွဲ စတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာတွေကို ခွင့်ပြုချက် ရသလောက် ထိတွေ့ လုပ်ဆောင်နေကြပါပြီ။

သူတို့ရဲ့ ဘဏ်လုပ်ငန်းတွေ တိုးချဲ့ခွင့်၊ ဘဏ်ခွဲတွေ ဖွင့်ခွင့် ဆိုတာကတော့ မြန်မာနိုင်ငံဗဟိုဘဏ်ဆီက ထွက်လာမယ့် ခွင့်ပြုချက်အပေါ် မူတည်မှာပါ

၂၀၁၅ မှာ အာဆီယံဒေသ စီးပွားရေးဇုန် အကောင်အထည် ပေါ်လာတဲ့အခါ  ဒီဘဏ်တွေက သူတို့ရဲ့ တင်ကြိုဆောင်ရွက်မှု အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ခံစားရမယ်လို့ ဆိုချင်ပါတယ်။

by-.irrawaddy

No comments:

Post a Comment