Thursday, 10 January 2013

ကိုယ်ဝန်ဆောင်ထားမှန်းတောင် မသိလိုက်ဘဲ ကလေးမွေးဖွားခဲ့သူ

အသက် ၂၁ နှစ်အရွယ် လိန်းကာတာ ဆိုသူဟာ ဝမ်းဗိုက် နာကျင်တာကြောင့်  ဆေးရုံသို့ သွားခဲ့ရာမှ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်လို့ သိရ ပါတယ်။ သူ ကိုယ်ဝန်ရှိစဉ် ကာလတစ်လျှောက်လုံး ဘာလက္ခဏာမှ မပြဘဲ မမွေးခင် တစ်လအလိုမှာမှ လေပွသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ လစဉ် ဓမ္မတာလာမြဲတိုင်း လာနေပြီး ဝမ်းဗိုက်အတွင်းမှ သန္ဓေသားရဲ့ လှုပ်ရှားမှုကိုလည်း ဘယ်လိုမှ မခံစားရ ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ကလေးကို မွေးရမယ့်ရက် ထက် နှစ်ပတ်စောမွေးခဲ့ပြီး ကလေးရဲ့ ကိုယ်အလေး ချိန်က ၄ ပေါင် ၁၂ အောင်စရှိတယ်လို့ ဆိုပါတယ်။ သူမနဲ့အတူ သူမရဲ့ ချစ်သူဖြစ်သူ စကော့တ်ကလည်း
အလွန် အံ့အားသင့်ပေမယ့် နှစ်ယောက်စလုံးက မွေးဖွားလာတဲ့ သားလေးအတွက် ပျော်ရွှင်နေကြတယ် လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ လိန်းနဲ့သူ့သား လေးဟာ လိန်းရဲ့ မိခင်နဲ့အတူ နေထိုင်နေကြပေမယ့် သူတို့မိသားစု အတူတူနေထိုင်ဖို့ အိမ်တစ်လုံးကို ရှာဖွေနေတယ်လို့ သိရပါတယ်။
SM
Good Health

No comments:

Post a Comment