Wednesday, 2 January 2013

စပါးလှေ့စဉ် ပန်ကာဒလက် ခုတ်မိ၍ သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ် ညောင်မြစ်ဆဲ ကျေးရွာ၌ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက ပန်ကာဒလက် ခုတ်မိ၍   လူတစ်ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် ည ၆ နာရီခွဲက မြန်အောင်မြို့နယ် ညောင်မြစ်ဆဲ ကျေးရွာတွင် ပန်ကာဒလက် ခုတ်မိ၍ လူတစ်ဦး သေဆုံးကြောင်း သတင်းအရ မြန်အောင် ရဲစခန်းမှ ဒုတိယ ရဲအုပ် ခိုင်စိုးဟန်နှင့် အဖွဲ့က သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ညောင်မြစ်ဆဲ ကျေးရွာ မြန်အောင်မြို့နယ်နေ ဦးမြင့်စိုး ၅၂ နှစ် (ဘ) ဦးလှရွှေသည်  စပါးများအား လက်တွန်း ထွန်စက်တွင် တပ်ဆင်ထားသော ပန်ကာဒလက်ဖြင့် စပါးလှေ့စဉ် ပန်ကာနှင့် ထိခိုက်မိပြီး ဦးခေါင်း ဝဲဘက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ တစ်ချက်၊ 
ဝမ်းဗိုက်ပြတ်ရှ ဒဏ်ရာ  တစ်ချက်ရရှိ သေဆုံးကြောင်း သိရသည်။  သို့ဖြစ်၍ ဓမ္မတာ အတိုင်း  သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ဒီဇင်ဘာ ၂၆ ရက် ည ၈ နာရီခွဲက  ဒုတိယ ရဲအုပ် ခိုင်စိုးဟန်၏ တိုင်တန်းချက် အရ မြန်အောင် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၁၂ဖြင့် ရေးဖွင့်  စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
by-မြဝတီ

No comments:

Post a Comment