Friday, 5 April 2013

ဗန်းမော်တွင်လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ


ဧပြီ ၄ ရက် နံနက် ၇ နာရီ ခန့်က ဗန်းမော်မြို့ ဟန်းတဲ ရပ်ကွက် နေဦးအောင်ကျော်ဦး၊ တပ်မတော် (ငြိမ်း)၏ သားမောင်ဇော်မိုးဦး (၁၃) နှစ်သည် ဗန်းမော်၊ နမ့်ခမ်း ကားလမ်းမြို့အ၀င် အထွက်ဘီးခွန် ကောက်စခန်းအလွန်ဝဲဖက်ခြမ်းမှ (၃) မိုင်ရွှေပြည်သာ မြို့သစ်မြေ လမ်းဘေ (ပေ ၂၀၀) ခန့်တွင် အဖျားရှူးပုလင်းဗူးသဏ္ဍာန် အစိမ်းရောင်လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

မောင်ဇော်မိုးဦးကသာအဆိုပါ လက်ပစ်ဗုံးကို အိမ်သို့ယူဆောင် လာပြီး ဖခင်ကိုပြသရာ လက်ပစ် ဗုံးဖြစ်၍

မူလတွေ့ရှိသည့်နေရာ တွင် ပြန်လည်ထားရှိစေပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးလွင် ထံအကြောင်းကြားခဲ့ကြောင်း ဦးအေးလွင်မှ ခရိုင်မှူးခင်းအကူ ဌာနနှင့် မြို့နယ်ရဲမှူးတို့အားဆက် လက်အကြောင်းကြားခဲ့ရာ ခရိုင် ရဲမှူးမောင်ဝင်း (ဦးစီး) ၁၂ ဦး ပါအဖွဲ့ခလရ (၄၇) မှ ဗိုလ်ကြီး ကောင်းစံ ဦးစီး (၁၀) ဦးပါအဖွဲ့ စအရ (၉၁၄) တပ်မှ တကက စောဦး ဦးစီး ၃ ဦးပါအဖွဲ့တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးလွင် တို့သည်ခန့်မှန်းမြေပုံညွန်းLG-225805 နေရာသို့သွားရောက်စစ် ဆေးရာအရှည် ၈ လက်မခန့် အောက်ခြေယမ်းပိုင်း ၂လက်မခွဲ ခန့် အချင်း ၂ လက်မခန့်အနက် ရောင်နှင့် အဖျားပိုင်းအရှည် ၅ လက်မခွဲခန့်၊ အချင်း ၁ လက်မ ခန့်အစိမ်းနုရောင်တရုတ်နိုင်ငံလုပ် ဟုယူဆရသည့်ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံးတွေ့ရှိခဲ့ကြောင်း ပတ်ဝန်း ကျင်အနီးတစ်ဝိုက်အားဆက်လက် ရှင်းလင်းရှာဖွေရာမသင်္ကာစရာ မည်သည့်ပစ္စည်းမှ မတွေ့ရှိရပဲ အဆိုပါလက်ပစ်ဗုံးအား ဗိုလ်ကြီး ကောင်းစံ (ခလရ ၄၇)မှ လက်ခံ သိမ်းဆည်းသွားကြောင်း သိရ သည်။


ဦးငြိမ်း (ဗန်းမော်)

No comments:

Post a Comment