Monday, 15 April 2013

LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

Photo: LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

လက်တစ်ဝါးစာသာ ကြီးများပြီး ၂၄ မီလီမီတာသာ ထူသည့် LG ၏ အိတ်ဆောင် ဓာတ်ပုံ printer ကို သင်သွားလိုရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်သာမက ဘောင်းဘီအိတ်ထဲမှာပါ ထည့်ပြီး ယူသွားနိုင်အောင် သေးငယ်ပေါ့ပါးပါတယ်။ 

နည်းပညာ အသစ်နဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဒီ printer ဟာ သာမန် printer တွေကို မှင်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီ printer အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အထူးဓာတ်ပုံစက္ကူကို သုံးရမှာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံစက္ကူမှာ လွန်စွာသေးငယ်တဲ့ ဆေးဆိုးပုံဆောင်ခဲ (dye crystals) တွေကို မြှုပ်နှံထည့်သွင်းထားပြီး printer ကနေ အပူပေး လိုက်တဲ့အခါမှာ ဆေးရောင်အဖြစ် ပြောင်းလဲသွားကာ အလိုရှိသည့်ပုံအား ရိုက်နှိပ်ပေးမှာ ဖြစ်ပါတယ်။ 

အသုံးပြုရတာလည်း လွန်စွာမှ လွယ်ကူပြီး Android စမတ်ဖုန်းအား အသုံးပြုကာ Bluetooth (သို့) USB (သို့) NFC (Near Field Communication) နည်းပညာကို အသုံးပြုကာ ဓာတ်ပုံများကို ချက်ခြင်းလက်ငင်း ရိုက်နှိပ်နိုင်မှာ ဖြစ်ပါတယ်။ 

Printer ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဖြစ်ပြီး ၇.၆ x ၅.၁ စင်တီမီတာအရွယ် အထူးဓာတ်ပုံစက္ကူ အရွက် ၃၀ ပါ တစ်ထုပ်လျှင် ၁၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Consumer Guideလက်တစ်ဝါးစာသာ ကြီးများပြီး ၂၄ မီလီမီတာသာ ထူသည့် LG ၏ အိတ်ဆောင် ဓာတ်ပုံ printer ကို သင်သွားလိုရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်သာမက ဘောင်းဘီအိတ်ထဲမှာပါ ထည့်ပြီး ယူသွားနိုင်အောင် သေးငယ်ပေါ့ပါးပါတယ်။

နည်းပညာ အသစ်နဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဒီ printer ဟာ သာမန် printer တွေကို မှင်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီ printer အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အထူးဓာတ်ပုံစက္ကူကို သုံးရမှာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံစက္ကူမှာ လွန်စွာသေးငယ်တဲ့ ဆေးဆိုးပုံဆောင်ခဲ (dye crystals) တွေကို မြှုပ်နှံထည့်သွင်းထားပြီး printer ကနေ အပူပေး လိုက်တဲ့အခါမှာ ဆေးရောင်အဖြစ် ပြောင်းလဲသွားကာ အလိုရှိသည့်ပုံအား ရိုက်နှိပ်ပေးမှာ ဖြစ်ပါတယ်။

အသုံးပြုရတာလည်း လွန်စွာမှ လွယ်ကူပြီး Android စမတ်ဖုန်းအား အသုံးပြုကာ Bluetooth (သို့) USB (သို့) NFC (Near Field Communication) နည်းပညာကို အသုံးပြုကာ ဓာတ်ပုံများကို ချက်ခြင်းလက်ငင်း ရိုက်နှိပ်နိုင်မှာ ဖြစ်ပါတယ်။

Printer ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဖြစ်ပြီး ၇.၆ x ၅.၁ စင်တီမီတာအရွယ် အထူးဓာတ်ပုံစက္ကူ အရွက် ၃၀ ပါ တစ်ထုပ်လျှင် ၁၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Consumer Guide

No comments:

Post a Comment