Wednesday, 22 May 2013

မလေးရှားတွင် မြန်မာတစ်ဦး ပစ်သတ်ခံရ


မလေးရှားနိုင်ငံ ဘူကစ်မာတဂျန် တွင် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဧပြီလ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း မလေးရှားနိုင်ငံက သတင်းများတွင်ဖော်ပြသည်။
ဘူကစ်မာတဂျရှိ ဂျလန်းပါမတ် တန်ဘတ်က မီးပွိုင့်တွင် ကားရပ်ထားစဉ် သေနတ်သမားတစ်ဦးက လာရောက်ပစ်ခတ်ခြင်း ဖြစ်ပြီး သေနတ်ဖြင့်လေးချက် ပစ်ခတ်ခံရပြီး ဘူကစ်မာတဂျန် ဆေးရုံမရောက်မီ သေဆုံးခဲ့ကြောင်း The Star Online တွင် ဖော်ပြသည်။


ယင်းပစ်သတ်ခံရမှု ဖြစ်ပွားစဉ် ကားထဲတွင် အသတ်ခံရသူ မြန်မာနိုင်ငံသား နှင့်အတူ ၄င်း၏ဇနီး၊ ၁၅ နှစ်အရွယ် သမီးငယ်နှင့် အလုပ်သမားတစ်ဦး ကားထဲတွင် အတူရှိနေခဲ့ကြောင်း ပီနန် စီအိုင်ဒီ လက်ထောက်ညွှန်ကြားရေးမှူး မက်ဇလန်ကီဆာက Malansian Digest သတင်းဌာနကို ပြောကြားသည်။

အဆိုပါ အသတ်ခံရသော မြန်မာနိုင်ငံသားသည် လက်ယာဘက်ပခုံးတွင် သေနတ်ဒဏ်ရာ သုံးချက်၊ လက်ယာပါးကို တစ်ချက် ထိမှန်ခဲ့ကြောင်း ၄င်းကဆိုသည်။
တိမ်းရှောင်နေသော လူသတ်သမားကို စုံစမ်းနေဆဲရှိပြီး ပီနန်လူသတ်မှု ဥပဒေနှင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။
The voice weekly

No comments:

Post a Comment