Tuesday, 7 May 2013

နှစ်ပေါင်းများစွာကြာပျောက်ဆုံးနေသော အမေရိကန်အမျိုးသမီး(၃)ဦး အား ပြန်လည်တွေ့ရှိ..

Photo: နှစ်ပေါင်းများစွာကြာပျောက်ဆုံးနေသော အမေရိကန်အမျိုးသမီး(၃)ဦး
အား ပြန်လည်တွေ့ရှိ..

မေလ ၇ ရက် ၂၀၁၃

အမေရိကန်နိုင်ငံအိုဟိုင်းအိုးပြည်နယ်တွင် လွန်ခဲ့သောဆယ်စုနှစ်တစ်စုခန့်
ပျောက်ဆုံးခဲ့ကြသော အမျိုးသမီးငယ်(၃)ဦးအား တွေ့ရှိခဲ့ရပြီဖြစ်ကြောင်း 
သိရသည်။ထိုမျိုးသမီး(၃)ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေကောင်း
မွန်ကြောင်း အာဏာပိုင်များမှ ပြောကြားခဲ့ကြောင်း သိရသည်။ 

အမန်ဒါဘယ်ရီမှာ(၁၆)နှစ်အရွယ်တွင် (၂၀၀၃)ခုနှစ်၌ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး 
ဂျီနာဒီဂျီးဆက်သည် နောက်တစ်နှစ်အကြာ အသက်(၁၄)နှစ်အရွယ်တွင်
ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။နောက်တစ်ဦးဖြစ်သော အသက်(၃၂)နှစ်အရွယ် 
မီရှယ်နိုက်မှာ အသက်(၂၀)အရွယ်(၂၀၀၂)ခုနှစ်တွင် ပျောက်ဆုံးခဲ့ခြင်းတို့
ဖြစ်ပြီး ထိုအမျိုးသမီးငယ်(၃)ဦးစလုံးအား ကလေးဘားမြို့ရှိနေအိမ်တစ်လုံး
တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအမှုနှင့်ဆက်စပ်မှုရှိသည်ဟု သံသယရှိသူ 
အသက် (၅၂)နှစ်အရွယ်ရှိသူ တစ်ဦးအားဖမ်းဆီးထိန်းသိမ်းထားကြောင်း
ရိုက်တာသတင်းဌာနမှ သိရသည်။

No comments:

Post a Comment