ကုသိုလ်ရတဲ့နေ့လေးပါ
 ပျော်ရွှင်ကျေနပ်မိတဲ့ နေ့ကလေးပါ အမျိုးသားက Treasure Hotel ရှေ့ 
ကပိုက်ဆံအိတ်တစ်အိတ် ကောက်တွေ့ ခဲ့ပါတယ် အထဲမှာ မြန်မာငွေနဲ့တွက်ရင် 
သိန်းသုံးဆယ်လောက်ရှိမယ့် နိုင်ငံခြားငွေတွေနဲ့အတူ Master card, student
 card, အရေးကြီးတဲ့ ကဒ်တော်တော်များများပါပါတယ် 
ပိုက်ဆံအိတ်ကိုဖွင့်ကြည့်တာက ပိုင်ရှင်ကိုပြန်ပေးချင်လို့ပါ အထဲက 
ကဒ်ကိုကြည့်မှ Italy နိုင်ငံသား Mr.Carlo လို့သိရပါတယ် 
ဘယ်မှာတည်းမှန်းမသိတာမို့ ပထမဆုံး Treasure Hotel ကစလို့ 
တစ်ခုပြီးတစ်ခုဖုန်းဆက်ပြီးမေးရပါတယ် နောက်ဆုံးမှာတော့ Central Hotel က 
ဧည့်သည်က သူ့ပိုက်ဆံအိတ်ကို အပူတပြင်းလိုက်ရှာနေကြောင်းသိရတဲ့အတွက် 
ဝမ်းမြောက်စွာနဲ့ ပြန်လည်ပေးအပ်လိုက်ရပါတယ် အဲဒီဧည့်သည်က 
ကျေးဇူးတင်လွန်းလို့ ခေါင်းနဲ့မြေကြီးထိလုမတတ် အခါခါ ဦးညွတ်သွားပါတယ် 
ပိုက်ဆံဆိုတာထက် ရိုးသားမှုဂုဏ်ကိုပဲ ကျွန်မတို့လိုချင်ပါတယ် ဧည့်သည် 
စိတ်ဆင်းရဲနေမှာကို ကျွန်မတို့ပိုပူပါတယ် မှန်သောစကားကြောင့် 
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရပါစေ
 
 
Nwe Ni Win Kyaw
Nwe Ni Win Kyaw

No comments:
Post a Comment